မြန်မာနိုင်ငံရှိ မိသားစုစီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်မှုဆိုင်ရာ သုတေသနတွင် ပါဝင်ရန်ဖိတ်ကြားခြင်း

လူကြီးမင်း၏ မိသားစုလုပ်ငန်းသည် တည်ထောင်သူ မျိုးဆက်ကိုကျော်လွန်ပြီး နောက်ထပ်ဆက်ခံသူ မျိုးဆက်အနေဖြင့် လုပ်ငန်းလည်ပတ်နေပြီဆိုပါက လူကြီးမင်းတို့၏ အတွေ့အကြုံများကို မျှဝေပေးရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။

Myanmar Institute of Directors (MIoD) နှင့် Auric Star တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ မိသားစု စီးပွားရေးလုပ်ငန်းများအနေဖြင့် ခေါင်းဆောင်မှု၊ လုပ်ငန်းတိုးတက်မှုနှင့် မျိုးဆက်လွှဲပြောင်းမှုများကို မည်သို့ဆောင်ရွက်နေကြသည် ဆိုသည်ကို လေ့လာရန် သုတေသန တစ်ရပ်အား စတင်နေပါပြီ။

သုတေသန တွင် ဘာကြောင့် ပါဝင်သင့်တာလဲ 

လူကြီးမင်း၏ပါဝင်ပံ့ပိုးမှုမှ –

  • မြန်မာနိုင်ငံရှိ မိသားစုလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သည့် အထောက်အပံ့နှင့် အရင်းအမြစ်များ ဖန်တီးနိုင်ခြင်း။
  • အောင်မြင်သည့် မိသားစုလုပ်ငန်းများထဲမှ အတွေ့အကြုံကောင်းများကို သင့်လုပ်ငန်းတွင် အသုံးချနိုင်ခြင်း။
  • မြန်မာ့စီးပွားရေးပိုမိုအားကောင်းစေရန်အတွက် အရေးကြီးသော သုတေသန ပြုလုပ်ခြင်းကို တက်ကြွစွာ ဝင်ရောက်အထောက်အပံ့ပေးခြင်း။

သုတေသန အတွက်သိထားသင့်သည့်အချက်များ

  • လူကြီးမင်းပေးသည့်အချက်အလက်အားလုံးကို လုံးဝလျှို့ဝှက်ထားမည် ဖြစ်ပါသည်။
  • ငွေကြေးပိုင်းဆိုင်ရာမေးခွန်းများ ပါဝင်မည် မဟုတ်ပါ။
  • မည်သည့်မေးခွန်းကိုမဆို ဖြေကြားနိုင်ခြင်းမရှိပါက လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။
  • မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးနိုင်ပါသည်။

ဤသုတေသနသည် ရိုးရှင်းပြီး သက်တောင့်သက်သာရှိသော အင်တာဗျူးပုံစံ ဆွေးနွေးမှုတစ်ခု ဖြစ်ပါသည်။ လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အကြောင်းအရာမျှ ထုတ်ပြန်မည် မဟုတ်ပါ။

ပါဝင်ကူညီမည့် လူကြီးမင်းများမှ Myanmar Institute of Directors (MIoD)info@myanmariod.com email နှင့် ဖုန်းနံပါတ် +95 9 400 151 412, 400 151 419, 427 363 904 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Download Brochure

 


Invitation to Join Our Study on Family Business Governance in Myanmar

Calling All Family-Owned Businesses in Myanmar

 

Are you part of a family business that has grown beyond the founder generation? Your story matters.

The Myanmar Institute of Directors (MIoD) and Auric Star are conducting a landmark study to explore how family businesses in Myanmar handle leadership, growth, and succession planning.

Why Join Us?
 By participating, you’ll help:

  • Shape better support and resources for family businesses in Myanmar
  • Gain insights from successful transitions in other family businesses
  • Contribute to a meaningful research effort that strengthens Myanmar’s economic backbone

What You Should Know

  • Your information stays 100% confidential
  • No financial questions, just your insights and experiences
  • Interviews are relaxed, in Burmese or English—your choice
  • You can skip any question you’re not comfortable with

Let’s have a simple conversation that could spark real change.

Interested? Message us at info@myanmariod.com or call us on this number +95 9 400 151 412, 400 151 419 and 427 363 904 to take part or learn more!