၂၀၂၃ ခုနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

September 20, 2023

MIoD ၏ စတုတ္ထမြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ၂၀၂၃ အား Zoom အီလက်ထရွန်နစ်စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြီး စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ် တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးအား AGM ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခြင်းခံရသော ဦးသူရကိုကို မှ ဦးဆောင်၍ MIoD ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝင်းဝင်းတင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ MIoD ၏ နာယကဖြစ်သူ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ “နှစ်ပတ်လည် အထွေထွေ အစည်းအဝေး (AGM) နှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု” ခေါင်းစဉ်ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ MIoD ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်သီရိသန့်မွန်မှ အမှုဆောင်ဒါရိုက်တာ၏ နှစ်ပတ်လည် အစီရင်ခံစာအား တင်ပြခဲ့ပြီး စာရင်းစစ်ချုပ်မှ စာရင်းရှင်းတမ်းအား ပြန်လည်သုံးသပ်ခဲ့ပါသည်။

MIoD အဖွဲ့ဝင်များမှ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် Proxy Form ဖြင့် မဲပေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၇ ခုတွင် ဒါရိုက်တာများ ပြန်လည်ခန့်အပ်ခြင်း၊ လက်ရှိစာရင်းစစ်ချုပ် အား နောက်နှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမတိုင်မီအထိ ပြန်လည်ခန့်အပ်ခြင်း နှင့် ဘဏ္ဍာရေးရှင်းတမ်းများ လက်ခံကျင့်သုံးခြင် တို့ဖြစ်၍ ဆုံးဖြတ်ချက်များအားလုံးကို အတည်ပြုခဲ့သည်။

ပြန်လည်ရွေးကောက်တင်မြှောက်ခံရသော ဘုတ်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဝင်းဝင်းတင့်၊ ဦးအောင်ဇော်နိုင်၊ ဦးသူရကိုကိုနှင့် မစ္စတာ မဲလ်ဗင်ပန် တို့အား ဂုဏ်ပြုကြိုဆိုပါသည်။

MIoD ၏ ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုတို့သည် MIoD ၏လုပ်ဆောင်ချက်များအား စွမ်းဆောင်နိုင်ရန် အရေးပါခဲ့သော ကျွန်ုပ်တို့၏ အတိတ်နှင့်လက်ရှိ ထောက်ခံသူများ၊ အဖွဲ့ဝင်များ၊ သင်တန်းဆရာများအားလုံးကို ရိုးသားစွာ ကျေးဇူးတင်ပါသည်။

MIoD မှ သင်၏ဆက်လက်တည်ရှိနေခြင်းနှင့် ပံ့ပိုးကူညီမှုကို ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့နှင့် အသင်းဝင်များမှ အလွန်တန်ဖိုးထားပါသည်။ သင်နှင့် သင့်ကုမ္ပဏီအား သင်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် လမ်းညွှန်မှုခရီးနှင့်အတူ ကူညီခြင်းနှင့် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဘုတ်များ တည်ဆောက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တည်ဆောက်ရန်တို့ကို ရှေ့ဆက်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် စောင့်မျှော်နေပါသည်။

ကျေးဇူးပြု၍ သက်ဆိုင်ရာစာရွက်စာတမ်းများကိုဤတွင်ရှာဖွေပါ။

၂၀၂၂- ၂၀၂၃ နှစ်ပတ်လည်အစီရင်ခံစာ https://shorturl.at/jopsJ