Learning Series: Audit Committee for Directors Program Batch 4

May 23 – 24 and 30 – 31, 2026

Audit Committee for Directors Program Batch 4 ကို ၂၀၂၆ ခုနှစ် မေ ၂၃–၂၄ ရက်နှင့် ၃၀–၃၁ ရက်များတွင် အွန်လိုင်းနေ့တစ်ဝက် (၄) ရက်တာသင်တန်း အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

သင်တန်းကို အကျိုးရှိစွာ၊ စိတ်ဝင်စားဖွယ်ကောင်းစွာ နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အားပေးပံ့ပိုးပေးခဲ့ကြသော ကျွန်ုပ်တို့၏ ဂုဏ်သရေရှိ Faculty များဖြစ်သည့် Daw Kim Chawsu၊ Daw Wah Wah Min၊ Daw Thin Thin Myat နှင့် Special Guest Daw Tin Tin Nyo နှင့် ပါဝင်တက်ရောက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

သင်တန်းအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ Case Study များနှင့် အတွေ့အကြုံဖလှယ်မှုများမှတစ်ဆင့် Audit Committee ၏ Corporate Governance တွင် အရေးပါသော အခန်းကဏ္ဍကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေပြီး Board ၏ ထိရောက်မှုနှင့် အဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မာမှုကို မြှင့်တင်နိုင်ရန် လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် ကိရိယာများ ရရှိခဲ့ကြမည်ဟု မျှော်လင့်ပါသည်။

🎉 သင်တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ပါဝင်တက်ရောက်သူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🎉