MoU Signing Between Myanmar Institute of Directors (MIoD) and EuroCham Myanmar
September 9, 2026
စက်တင်ဘာလ ၉ ရက်နေ့တွင် Myanmar Institute of Directors (MIoD) နှင့် EuroCham Myanmar တို့သည် EuroCham Myanmar ရုံး၌ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ MoU ကို EuroCham Myanmar ၏ Chief Policy Officer ဦးသက်ဇော်ထွေး နှင့် MIoD ၏ Chief Executive Officer ဒေါ်မေသက်ဝင်း တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး EuroCham Myanmar ၏ Chief Operating Officer Mr. Adrien ALLAMAND နှင့် MIoD အဖွဲ့ဝင်များလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ယခု MoU လက်မှတ်ရေးထိုးမှုသည် အဖွဲ့အစည်းနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် Corporate Governance (ကော်ပိုရိတ်အုပ်ချုပ်မှု)၊ Sustainability (ရေရှည်တည်တံ့ခိုင်မြဲမှု) နှင့် Responsible Business Practices (တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ) ကို မြှင့်တင်ဖော်ဆောင်နိုင်ရန်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအသိုက်အဝန်းအတွင်း အသိပညာနှင့် အတွေ့အကြုံများ မျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ၊ Webinar များနှင့် အခမ်းအနားများကို ပူးပေါင်းကျင်းပခြင်းတို့မှတစ်ဆင့် အဆိုပါအခြေခံမူများကို ပိုမိုကျယ်ပြန့်စွာ ဖော်ဆောင်မြှင့်တင်သွားမည်ဖြစ်ပါသည်။
ယခုလို အရေးပါသည့် အခမ်းအနားကို အတူတကွ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပြီး တက်ရောက်ပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်၍လည်း အဖွဲ့အစည်းနှစ်ရပ်အကြား အကျိုးရှိပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။
#EuroChamMyanmar #MIoD #CorporateGovernance #Collaboration #Partnership
