Learning Series: Finance for Directors Program Batch 5
September 19, 2026 - September 27, 2026
Finance for Directors Program Batch 5 ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ – ၂၀ ရက်နှင့် ၂၆ – ၂၇ ရက်တို့တွင် Online ဖြင့် ၄ ရက်ခွဲကြာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ ဒါရိုက်တာများ၊ ဘုတ်အဖွဲ့ဝင်များနှင့် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များ အပါအဝင် သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးမှုများ၊ Group Case Study များမှတစ်ဆင့် ၎င်းတို့၏ အတွေ့အကြုံများနှင့် အမြင်များကို တက်ကြွစွာ မျှဝေခဲ့ကြပါသည်။
အစီအစဉ်အတွင်း တက်ကြွစွာ ပါဝင်ဆွေးနွေးပေးခဲ့ကြသော သင်တန်းသားများအားလုံးကို MIoD မှ ကျေးဇူးအထူးတင်ရှိပါသည်။
ထို့အပြင် အစီအစဉ်ကို မျှဝေပေးခဲ့ကြသော Faculty များဖြစ်သည့် Daw Thuzar Win၊ Daw Kim Chawsu နှင့် Daw Thin Thin Myat တို့အပြင် အထူးဧည့်သည်ဟောပြောသူ Daw Tin Tin Nyo တို့အားလည်း အထူးကျေးဇူးတင်ရှိပါသည်။
🎊 သင်တန်းပြီးဆုံးအောင်မြင်ခဲ့ကြသော သင်တန်းသားများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🎊
Finance for Directors Program တွင် တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့မှုအတွက် အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့ကြသော သင်တန်းသားများအားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါသည်။
