Learning Series: Board/Company Secretary Program Batch 9

October 10, 2026 - October 11, 2026

Board/Company Secretary Program Batch 9 အောင်မြင်စွာ ပြီးဆုံးခြင်း

MIoD ၏ Board/Company Secretary Program Batch 9 ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယခုအစီအစဉ်တွင် ပါဝင်မျှဝေပေးခဲ့ကြသော ဆရာမကြီးများနှင့် ဆရာကြီးများဖြစ်သည့် Daw Thuzar Win, Daw Min Min Ayer Naing, Daw Wah Wah Min, U Myo Min, Daw Khine Wai Thwe နှင့် Daw Nandar Thaung တို့အား အထူးကျေးဇူးတင်ရှိပါသည်။

🎊 Board/Company Secretary Program ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဤအစီအစဉ်မှတစ်ဆင့် Company Secretary နှင့် Corporate Governance Professional များ၏ အဓိကတာဝန်ဝတ္တရားများ၊ မြန်မာနိုင်ငံရှိ ကုမ္ပဏီအမျိုးအစားအလိုက် လိုက်နာရမည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များ၊ ပြင်ပအစီရင်ခံတင်ပြမှုများ၊ အစည်းအဝေးစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများဖြစ်သည့် အစည်းအဝေးအမျိုးအစားများ၊ အကျိုးစီးပွားပဋိပက္ခများ၊ အစည်းအဝေးမှတ်တမ်းများနှင့် သတ်မှတ်အချိန်ကာလများအပြင် ဒါရိုက်တာများ၏ တာဝန်ဝတ္တရားများနှင့် အခြေခံကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရာများကိုလည်း လေ့လာဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအဆင့် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ ကျင့်ဝတ်စံနှုန်းများနှင့် လက်တွေ့ကျင့်သုံးပုံများကိုလည်း ထည့်သွင်းလေ့လာခဲ့ကြပါသည်။

သင်တန်းမှ ရရှိခဲ့သော အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ လုပ်ငန်းခွင်များတွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။