ဒေါ်ခိုင်ခိုင်နွယ်

ဒေါ်ခိုင်ခိုင်နွယ် (ရိုဆယ်လင်း) သည် အထည်ချုပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Best စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်၏ လက်ထောက်စီမံခန့်ခွဲရေးဒါရိုက်တာ ဖြစ်ပါသည်။ သူမသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး၊ UMFCCI ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်လည်းဖြစ်ပြီး UMFCCI ၏ လူမှုအကျိုးစီးပွားတာဝန်ယူမှု ကော်မတီနှင့် အလုပ်ရှင်/အလုပ်သမား ဆက်ဆံရေးနှင့် အလုပ်ရှင်အဖွဲ့အစည်း ကော်မတီတို့ကို ဦးဆောင်လျက်ရှိပါသည်။