Myanmar Institute of Directors (MIoD) ၏ ၂၀၂၆ ခုနှစ် Annual General Meeting (AGM) ကို စက်တင်ဘာလ ၁၈ ရက်၊ သောကြာနေ့တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
⁣
အစည်းအဝေးကို Board Chair ဖြစ်သူ U Thura Ko Ko မှ ဦးဆောင်ခဲ့ပြီး Executive Director ဖြစ်သူ Daw Thiri Thant Mon မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် Directors’ Report နှင့် MIoD Annual Report တို့ကို တင်ပြခဲ့ပါသည်။ ထို့အပြင် Financial Statements များကို အတည်ပြုခြင်းနှင့် MIoD ၏ Policy Document နှင့် Constitution အသစ်တို့ကို အတည်ပြုခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။
⁣
AGM တွင် အောက်ပါ Directors ၇ ဦးအား ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
⁣
💠 Dr. Thaung Han
💠 Dr. Tun Thura Thet
💠 Daw Thiri Thant Mon
💠 Daw Kim Chawsu Gyi
💠 U Myint Zaw
💠 Daw Su Sandar Zaw
💠 U Sai Lu Mon Aung
⁣
ထို့အပြင် MIoD ၏ ရှေ့ဆက်မည့်ခရီးအတွက် အခန်းကဏ္ဍသစ်တစ်ရပ်အဖြစ် Daw May Thet Win အား CEO အသစ်အဖြစ် မိတ်ဆက်ခဲ့ပါသည်။ MIoD မိသားစုမှ နွေးထွေးစွာ ကြိုဆိုလိုက်ပြီး ရှေ့ဆက်လက်လျှောက်လှမ်းမည့် ခရီးတွင် အတူတကွ လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
⁣
Executive Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် MIoD အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့သည့် Daw Thiri Thant Mon အားလည်း အထူးကျေးဇူးတင်ရှိပါသည်။ ဆက်လက်၍ Board Member အဖြစ် MIoD အတွက် ပါဝင်ပံ့ပိုးပေးသွားမည့်အတွက်လည်း ဝမ်းမြောက်မိပါသည်။
⁣
တစ်ချိန်တည်းမှာပင် Retiring Board Members များဖြစ်ကြသည့် Dr. Su Hla Han နှင့် Daw Sandra Min၊ Retiring Board Secretary ဖြစ်သူ Dr. Sa Sa Nyunt တို့၏ MIoD အတွက် တန်ဖိုးရှိသော ဝန်ဆောင်မှုများ၊ ပံ့ပိုးကူညီမှုများနှင့် လမ်းညွှန်မှုများအတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
⁣
MIoD ၏ ခရီးစဉ်တစ်လျှောက် အမြဲတမ်းပံ့ပိုးပေးခဲ့ကြသည့် Members များ၊ Board Members များ၊ Faculty များ၊ Partners များနှင့် Supporters များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
⁣
ကောင်းမွန်သော Corporate Governance နှင့် Professional Directorship အလေ့အကျင့်များ ပိုမိုခိုင်မာတိုးတက်လာစေရန် အားလုံးနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားပါမည်။

🎊🎊 ထူးချွန်အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည် 🎊🎊

MIoD ၏ Certificate Awarding Ceremony and Networking Event သို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

 

📅 စနေနေ့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

🕘 နံနက် ၉:၀၀ နာရီမှ ၁၁:၀၀ နာရီအထိ (မြန်မာစံတော်ချိန်)

🏨 Novotel Yangon Max

ဝတ်စားဆင်ယင်မှု – Formal Attire

 

ဤအခမ်းအနားသည် အောက်ပါသင်တန်းအုပ်စုများအတွက်သာ သတ်မှတ်ထားပါသည်။

  • Director Certification Program (DCP) Batch 17 (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅–၁၆ ရက်နှင့် ၂၂–၂၃ ရက်)
  • Director Certification Program (DCP) Batch 18 (၂၀၂၆ ခုနှစ်၊ မတ်လ ၂၂–၂၂ ရက်နှင့် ၂၈–၂၉ ရက်)
  • Director Certification Program (DCP) Batch 19 (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈–၉ ရက်နှင့် ၁၅–၁၆ ရက်)
  • Board/Company Secretary Program Batch 8 (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇–၁၈ ရက်)
  • Board/Company Secretary Program Batch 9 (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀–၁၁ ရက်)

 

အခမ်းအနားနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်အသိပေးသွားမည်ဖြစ်ပါသည်။

 

အခမ်းအနားသို့ တက်ရောက်မည့်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

 

➡️ အွန်လိုင်းစာရင်းပေးသွင်းရန် https://forms.cloud.microsoft/r/GN8L4CKSTX

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက MIoD သို့ ✉️ trainingandevent@myanmariod.com နှင့် ☎️ +95 9 427 363 904, +95 9 400 151 419, +95 9 400 151 412 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

17 ကြိမ်မြောက် Leadership Series session, “Human Leadership in the Digital World,” အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Webinar အား MIoD ၏ Patron ဆရာကြီး Prof. Dr. Aung Tun Thet မှ ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး Digital World တွင် technology နှင့် human connection တို့ကို ဟန်ချက်ညီစွာ ထိန်းသိမ်းရင်း ထိရောက်သော leadership ကို မည်သို့တည်ဆောက်နိုင်မည်ကို မျှဝေပေးခဲ့ပါသည်။

ဒီ session တွင် Adaptability, Emotional Intelligence, Continuous Learning နှင့် Inclusive Leadership တို့၏ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Technology သည် Digital World ကို ပုံဖော်ပေးနိုင်ပေမယ့် Human Connection, Purpose နှင့် Well-being တို့ကတော့ effective leadership ၏ အဓိကအခြေခံများ ဖြစ်နေဆဲပါ။

တန်ဖိုးရှိသော insights များကို မျှဝေပေးခဲ့သည့် Sayar Gyi နှင့် ပါဝင်တက်ရောက်ပေးခဲ့ကြသည့် participants ၂၀၀ ကျော် အား အထူးကျေးဇူးတင်ရှိပါသည်။

 

In collaboration with British Chamber of Commerce Myanmar (BCCM)

CEO Series

 

About the Panel Discussion

Artificial Intelligence is transforming how organisations operate, creating new opportunities alongside emerging governance challenges.

Join the Myanmar Institute of Directors (MIoD) and the British Chamber of Commerce Myanmar (BCCM) for an engaging panel discussion on the board’s role in AI oversight, responsible AI governance, emerging risks such as AI-enabled fraud and data confidentiality, and the future of corporate governance in the age of AI. Gain practical insights to help directors and senior executives lead with confidence in an AI-driven world.


Artificial Intelligence (AI) သည် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ပုံကို ပြောင်းလဲလျက်ရှိပြီး ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးသည့်အပြင် Governance ဆိုင်ရာ စိန်ခေါ်မှုအသစ်များကိုလည်း ဖြစ်ပေါ်စေပါသည်။

Myanmar Institute of Directors (MIoD) နှင့် British Chamber of Commerce Myanmar (BCCM) တို့ ပူးပေါင်းကျင်းပမည့် ဤ Online Panel Discussion တွင် Board များ၏ AI Oversight အခန်းကဏ္ဍ၊ Responsible AI Governance၊ AI နှင့်ဆက်စပ်သော Fraud နှင့် Data Confidentiality ဆိုင်ရာ အန္တရာယ်များ၊ ဒေသတွင်း AI Regulations များနှင့် AI ခေတ်အတွက် Corporate Governance ၏ အနာဂတ်ကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ AI ခေတ်တွင် ယုံကြည်စိတ်ချစွာ ဦးဆောင်နိုင်ရန် လိုအပ်သော လက်တွေ့ကျသော အမြင်များနှင့် အတွေ့အကြုံများကို Board Directors များ၊ Senior Executives များနှင့် Business Leaders များအတွက် မျှဝေပေးမည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

 

Speakers

  • Mr. Arasu Shankher J, Chief Executive Officer, CodeStax.Ai
  • Mr. Alessio Basso, Head of Technology, Agentic AI, ASEAN, Amazon Web Services (AWS)
  • U Sai Lu Mon Aung, Chief Executive Officer, KBZMS General Insurance Co., Ltd.

 

Arasu Shankher is Chief Executive Officer of CodeStax.Ai, an enterprise AI and digital transformation implementation firm of over 70 engineers, working with banks, NBFCs and other regulated institutions across India and emerging markets.

His career spans over two decades. The first half was spent in large technology companies including Microsoft, Amazon & Google and the second in C-level roles at high-growth technology businesses.
He has led CodeStax.Ai since 2020, delivering production AI systems in regulated environments – including identity & video KYC validation, document processing, process automation and risk intelligence. The firm is ISO 9001 and ISO 27001 certified.

Arasu has worked with Myanmar corporates for the past five years. He has led the design of AI governance policies, model risk controls & compliance frameworks for financial-sector clients and speaks regularly on AI at industry forums in India.

He holds a BE in Computer Science from Thiagarajar College of Engineering, Madurai and is co-inventor on patents in the data protection space.


Alessio leads the AWS technology team helping customers adopt AI agents. He works with ASEAN’s unicorns and enterprises to build highly scalable & innovative services – to fulfil their vision and purpose to “jointly raise the standards of living for the ASEAN community and beyond”.

Alessio specialize in Payments and Fintech. Prior to AWS, he worked for banks across Central America, Africa, and Asia, delivering online and mobile banking, wealth management, and retail payments products. Most recently, he was the Chief Architect and CTO of HSBC’s PayMe, Hong Kong’s leading Digital Wallet.


U Sai Lu Mon Aung is the Chief Executive Officer of KBZMS General Insurance Co., Ltd. and aims to take insurance industry in Myanmar to the next level of maturity and rapid growth working together with multiple stakeholders in the market. He actively promotes corporate governance, diversity & inclusion and sustainability within his organization and partner organizations.

He is a seasoned executive with proven track records of driving strategic initiatives, optimizing operational efficiency, and leading & transforming multiple organizations with diverse teams to deliver exceptional results in Myanmar’s largest bank and Wall Street’s largest option market maker.

He is a visionary leader with a strong technology background and a demonstrated ability to foster innovation, implement data-driven decision-making processes, and achieve substantial growth in the insurance, banking and capital markets. He excels at building teams from ground up, restructuring teams into high performing cohesive units and growing next generation leaders.

 

Registration

  • Free for members of MIoD and BCCM
  • MMK 30,000 for non-members

Online Registration Link: https://forms.cloud.microsoft/r/32tKy75q7U

About the Webinar

Good financial management is crucial for an SME to overcome challenges, grow sustainably and access financing opportunities.

The webinar will discuss the current realities of Myanmar SMEs along with cash flow management in practice, profitability and pricing, readiness for funding, debt versus equity financing and financial planning for business expansion.

Participants will receive hands-on knowledge to enhance their financial practices and choices for sustainable growth.


SME လုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်နိုင်ရန်နှင့် ငွေကြေးရင်းမြစ်များ ရရှိနိုင်ရန်အတွက် ကောင်းမွန်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှုသည် အရေးပါသော အခြေခံအချက်တစ်ရပ်ဖြစ်သည်။

ဤ Webinar တွင် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ၏ လက်ရှိအခြေအနေများ၊ ငွေသားစီးဆင်းမှု (Cash Flow) စီမံခန့်ခွဲမှု၊ အမြတ်အစွန်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ငွေကြေးရင်းမြစ်ရရှိရန် အဆင်သင့်ဖြစ်စေရေး (Funding Readiness)၊ ချေးငွေ (Debt) နှင့် ရှယ်ယာရင်းနှီးမြှုပ်နှံမှု (Equity) အကြား ရွေးချယ်မှုများအပြင် လုပ်ငန်းတိုးချဲ့ရန်အတွက် လိုအပ်သော ဘဏ္ဍာရေးစီမံကိန်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။

တက်ရောက်သူများအနေဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အလေ့အကျင့်များကို ပိုမိုကောင်းမွန်စေရန်နှင့် ရေရှည်တည်တံ့သော လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။

 

Speakers

  • Daw Su Sandar Zaw, Board of Director, MIoD; Partner & Co-Founder of VDB Loi Consulting

  • U Kyaw Thet Naing, Myanmar Traditional Medicine Practitioner & Managing Director, Yoke Pyo Company Limited

 

Daw Su Sandar Zaw

Daw Su Sandar Zaw is one of the most experienced in business advisory services and specialized in corporate finance, management consulting, and deal with more than 17 years in Myanmar and Singapore. Su has a strong knowledge of financial management, portfolio management, investment advisory, business valuation and financial modeling in the Finance & Banking Industry and Private Equity Firm with CCA background. Su has extensive experience with project related to the market entries of companies in telecommunication, and banking & financial service industries in Myanmar and Singapore.

Su was formally a Finance Director of private equity firm, Anthem Asia Myanmar, and take charged of the portfolio monitoring, overseeing the growth of investment portfolio companies operationally & strategically, and the funds management and closely work with IFC. Su was a Finance Manager about 5 years’ experience in banking sector and one of the pioneers for the transition period of ANZ Bank (Myanmar Branch) from the representative office to the branch. Thus, she has a strong knowledge of financial & operational system set up, and a strong collaboration with the regulators. Su also has about 8 years working experience in F&B sector, and education sector in Singapore.

Su is graduated with Bachelor of Commerce, and she is holding a Master of Banking & Finance. She is Myanmar First Winner and world ranking 11th of Advanced Performance Management, ACCA UK. She is a member of Association of Chartered Certified Accountants from United Kingdom and Chartered Practising Accountant Australia. Su is also a committee member of Gender Lens of Myanmar Private Equity and Venture Capital Association, and she is one of the volunteer mentors of the mentoring session for the SME development in Myanmar.

U Kyaw Thet Naing

U Kyaw Thet Naing is a Myanmar Traditional Medicine Practitioner and Managing Director of Yoke Pyo Company Limited. With dual degrees in Traditional Medicine (B.M.T.M) and Law (L.L.B), along with advanced diplomas in Business and Human Resource Management from ABE-UK, he combines medical expertise with strong leadership and organizational skills. His diverse educational background and dedication to Myanmar’s traditional healing practices position him as both a healthcare professional and an accomplished business leader.

 

Registration

  • Free for MIoD and MMBC members
  • MMK 30,000 for non-members

 

Online Registration Link: https://forms.office.com/r/2bPgkcM4wS

MIOD ၏ (၁၆) ကြိမ်မြောက် Leadership Series Session ဖြစ်သော “Leadership Resilience to Thrive in Challenging Times” ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

⁣ဤအဖိုးတန်သော အမြင်များနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့သည့် MIoD ၏ Patron ဖြစ်သူ Sayar Gyi Prof. Dr. Aung Tun Thet အား အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ကောင်းပြီး အတွေးအမြင်များ ပါဝင်ဆွေးနွေးခဲ့ကြသည့် တက်ရောက်သူ (၄၀၀) ကျော်အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

 

𝑲𝒆𝒚 𝑻𝒂𝒌𝒆𝒂𝒘𝒂𝒚𝒔

ယနေ့ခေတ်၏ မသေချာမရေရာမှုများနှင့် အပြောင်းအလဲများကြားတွင် Resilient Leaders များသည် အခက်အခဲများကို ကျော်လွှားခြင်း၊ အပြောင်းအလဲများကို လိုက်လျောညီထွေစွာ တုံ့ပြန်ခြင်း၊ မိမိတို့၏ အသင်းအဖွဲ့များကို စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် စိန်ခေါ်မှုများကို တိုးတက်မှုအခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ခြင်းအစရှိသည်တို့ကို ဆွေးနွေးမျှဝေခဲ့ပါသည်။

 

🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အဓိက ကဏ္ဍ (၄) ရပ်
  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Physical Resilience)
  • စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Mental Resilience)
  • စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Emotional Resilience)
  • လူမှုဆက်ဆံရေးဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Social Resilience)

 

🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 တည်ဆောက်ရန် အရေးကြီးသော လေ့ကျင့်မှု (၈) ချက်
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း
  • အရည်အသွေးကောင်းမွန်သော အိပ်စက်ခြင်း
  • Mindfulness လေ့ကျင့်ခြင်း
  • အတွေးအမြင်များကို အပြုသဘောဆောင်စွာ ပြန်လည်သုံးသပ်ခြင်း (Positive Reappraisal)
  • ကောင်းမွန်သော စိတ်ခံစားချက်များကို တန်ဖိုးထားခံစားခြင်း (Emotional Savoring)
  • ကျေးဇူးတရားထားရှိခြင်း (Gratitude)
  • လူမှုဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ထိန်းသိမ်းခြင်း
  • စိတ်ဖိစီးမှုလျော့နည်းစေရန် အာရုံခံစားမှုများကို အကျိုးရှိစွာ အသုံးချခြင်း

 

🔹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အခြေခံမဏ္ဍိုင် (၅) ရပ်

1️⃣ Focus – အရေးကြီးသည့် အရာများအပေါ် အာရုံစိုက်ခြင်း

2️⃣ Fast – လျင်မြန်ပြီး ထိရောက်စွာ ဆောင်ရွက်ခြင်း

3️⃣ Flexible – အခြေအနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း

4️⃣ Fearless – စိန်ခေါ်မှုများကို ယုံကြည်မှုရှိစွာ ရင်ဆိုင်ခြင်း

5️⃣ Fun – အပြုသဘောဆောင်သော စိတ်ဓာတ်နှင့် ပျော်ရွှင်မှုကို ထိန်းသိမ်းထားခြင်း

⁣

Session မှ အထူးသတိပြုမိခဲ့သည့် အချက်တစ်ခုမှာ Resilient Leadership ဆိုသည်မှာ အခက်အခဲများမှ ပြန်လည်ရုန်းထွက်နိုင်ရုံသာမက စိန်ခေါ်မှုများမှတစ်ဆင့် ပိုမိုကြံ့ခိုင်သန်မာလာကာ အခြားသူများကိုလည်း အလားတူ တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခြင်း ဖြစ်သည်။