About the Webinar
Good financial management is crucial for an SME to overcome challenges, grow sustainably and access financing opportunities.
The webinar will discuss the current realities of Myanmar SMEs along with cash flow management in practice, profitability and pricing, readiness for funding, debt versus equity financing and financial planning for business expansion.
Participants will receive hands-on knowledge to enhance their financial practices and choices for sustainable growth.
SME လုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်နိုင်ရန်နှင့် ငွေကြေးရင်းမြစ်များ ရရှိနိုင်ရန်အတွက် ကောင်းမွန်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှုသည် အရေးပါသော အခြေခံအချက်တစ်ရပ်ဖြစ်သည်။
ဤ Webinar တွင် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ၏ လက်ရှိအခြေအနေများ၊ ငွေသားစီးဆင်းမှု (Cash Flow) စီမံခန့်ခွဲမှု၊ အမြတ်အစွန်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ငွေကြေးရင်းမြစ်ရရှိရန် အဆင်သင့်ဖြစ်စေရေး (Funding Readiness)၊ ချေးငွေ (Debt) နှင့် ရှယ်ယာရင်းနှီးမြှုပ်နှံမှု (Equity) အကြား ရွေးချယ်မှုများအပြင် လုပ်ငန်းတိုးချဲ့ရန်အတွက် လိုအပ်သော ဘဏ္ဍာရေးစီမံကိန်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။
တက်ရောက်သူများအနေဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အလေ့အကျင့်များကို ပိုမိုကောင်းမွန်စေရန်နှင့် ရေရှည်တည်တံ့သော လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။
Speakers
- Daw Su Sandar Zaw, Board of Director, MIoD; Partner & Co-Founder of VDB Loi Consulting
- U Kyaw Thet Naing, Myanmar Traditional Medicine Practitioner & Managing Director, Yoke Pyo Company Limited
![]() |
Daw Su Sandar ZawDaw Su Sandar Zaw is one of the most experienced in business advisory services and specialized in corporate finance, management consulting, and deal with more than 17 years in Myanmar and Singapore. Su has a strong knowledge of financial management, portfolio management, investment advisory, business valuation and financial modeling in the Finance & Banking Industry and Private Equity Firm with CCA background. Su has extensive experience with project related to the market entries of companies in telecommunication, and banking & financial service industries in Myanmar and Singapore. Su was formally a Finance Director of private equity firm, Anthem Asia Myanmar, and take charged of the portfolio monitoring, overseeing the growth of investment portfolio companies operationally & strategically, and the funds management and closely work with IFC. Su was a Finance Manager about 5 years’ experience in banking sector and one of the pioneers for the transition period of ANZ Bank (Myanmar Branch) from the representative office to the branch. Thus, she has a strong knowledge of financial & operational system set up, and a strong collaboration with the regulators. Su also has about 8 years working experience in F&B sector, and education sector in Singapore. Su is graduated with Bachelor of Commerce, and she is holding a Master of Banking & Finance. She is Myanmar First Winner and world ranking 11th of Advanced Performance Management, ACCA UK. She is a member of Association of Chartered Certified Accountants from United Kingdom and Chartered Practising Accountant Australia. Su is also a committee member of Gender Lens of Myanmar Private Equity and Venture Capital Association, and she is one of the volunteer mentors of the mentoring session for the SME development in Myanmar. |
![]() |
U Kyaw Thet NaingU Kyaw Thet Naing is a Myanmar Traditional Medicine Practitioner and Managing Director of Yoke Pyo Company Limited. With dual degrees in Traditional Medicine (B.M.T.M) and Law (L.L.B), along with advanced diplomas in Business and Human Resource Management from ABE-UK, he combines medical expertise with strong leadership and organizational skills. His diverse educational background and dedication to Myanmar’s traditional healing practices position him as both a healthcare professional and an accomplished business leader. |
Registration
- Free for MIoD and MMBC members
- MMK 30,000 for non-members
Online Registration Link: https://forms.office.com/r/2bPgkcM4wS
MIOD ၏ (၁၆) ကြိမ်မြောက် Leadership Series Session ဖြစ်သော “Leadership Resilience to Thrive in Challenging Times” ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤအဖိုးတန်သော အမြင်များနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့သည့် MIoD ၏ Patron ဖြစ်သူ Sayar Gyi Prof. Dr. Aung Tun Thet အား အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ကောင်းပြီး အတွေးအမြင်များ ပါဝင်ဆွေးနွေးခဲ့ကြသည့် တက်ရောက်သူ (၄၀၀) ကျော်အားလည်း အထူးကျေးဇူးတင်ရှိပါသည်။
𝑲𝒆𝒚 𝑻𝒂𝒌𝒆𝒂𝒘𝒂𝒚𝒔
ယနေ့ခေတ်၏ မသေချာမရေရာမှုများနှင့် အပြောင်းအလဲများကြားတွင် Resilient Leaders များသည် အခက်အခဲများကို ကျော်လွှားခြင်း၊ အပြောင်းအလဲများကို လိုက်လျောညီထွေစွာ တုံ့ပြန်ခြင်း၊ မိမိတို့၏ အသင်းအဖွဲ့များကို စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် စိန်ခေါ်မှုများကို တိုးတက်မှုအခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ခြင်းအစရှိသည်တို့ကို ဆွေးနွေးမျှဝေခဲ့ပါသည်။
🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အဓိက ကဏ္ဍ (၄) ရပ်
- ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Physical Resilience)
- စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Mental Resilience)
- စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Emotional Resilience)
- လူမှုဆက်ဆံရေးဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Social Resilience)
🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 တည်ဆောက်ရန် အရေးကြီးသော လေ့ကျင့်မှု (၈) ချက်
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း
- အရည်အသွေးကောင်းမွန်သော အိပ်စက်ခြင်း
- Mindfulness လေ့ကျင့်ခြင်း
- အတွေးအမြင်များကို အပြုသဘောဆောင်စွာ ပြန်လည်သုံးသပ်ခြင်း (Positive Reappraisal)
- ကောင်းမွန်သော စိတ်ခံစားချက်များကို တန်ဖိုးထားခံစားခြင်း (Emotional Savoring)
- ကျေးဇူးတရားထားရှိခြင်း (Gratitude)
- လူမှုဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ထိန်းသိမ်းခြင်း
- စိတ်ဖိစီးမှုလျော့နည်းစေရန် အာရုံခံစားမှုများကို အကျိုးရှိစွာ အသုံးချခြင်း
🔹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အခြေခံမဏ္ဍိုင် (၅) ရပ်
1️⃣ Focus – အရေးကြီးသည့် အရာများအပေါ် အာရုံစိုက်ခြင်း
2️⃣ Fast – လျင်မြန်ပြီး ထိရောက်စွာ ဆောင်ရွက်ခြင်း
3️⃣ Flexible – အခြေအနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း
4️⃣ Fearless – စိန်ခေါ်မှုများကို ယုံကြည်မှုရှိစွာ ရင်ဆိုင်ခြင်း
5️⃣ Fun – အပြုသဘောဆောင်သော စိတ်ဓာတ်နှင့် ပျော်ရွှင်မှုကို ထိန်းသိမ်းထားခြင်း
Session မှ အထူးသတိပြုမိခဲ့သည့် အချက်တစ်ခုမှာ Resilient Leadership ဆိုသည်မှာ အခက်အခဲများမှ ပြန်လည်ရုန်းထွက်နိုင်ရုံသာမက စိန်ခေါ်မှုများမှတစ်ဆင့် ပိုမိုကြံ့ခိုင်သန်မာလာကာ အခြားသူများကိုလည်း အလားတူ တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခြင်း ဖြစ်သည်။
Audit Committee for Directors Program Batch 4 ကို ၂၀၂၆ ခုနှစ် မေ ၂၃–၂၄ ရက်နှင့် ၃၀–၃၁ ရက်များတွင် အွန်လိုင်းနေ့တစ်ဝက် (၄) ရက်တာသင်တန်း အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
သင်တန်းကို အကျိုးရှိစွာ၊ စိတ်ဝင်စားဖွယ်ကောင်းစွာ နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အားပေးပံ့ပိုးပေးခဲ့ကြသော ကျွန်ုပ်တို့၏ ဂုဏ်သရေရှိ Faculty များဖြစ်သည့် Daw Kim Chawsu၊ Daw Wah Wah Min၊ Daw Thin Thin Myat နှင့် Special Guest Daw Tin Tin Nyo နှင့် ပါဝင်တက်ရောက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
သင်တန်းအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ Case Study များနှင့် အတွေ့အကြုံဖလှယ်မှုများမှတစ်ဆင့် Audit Committee ၏ Corporate Governance တွင် အရေးပါသော အခန်းကဏ္ဍကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေပြီး Board ၏ ထိရောက်မှုနှင့် အဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မာမှုကို မြှင့်တင်နိုင်ရန် လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် ကိရိယာများ ရရှိခဲ့ကြမည်ဟု မျှော်လင့်ပါသည်။
? သင်တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ပါဝင်တက်ရောက်သူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ ?
𝗡𝗮𝘃𝗶𝗴𝗮𝘁𝗶𝗻𝗴 𝗣𝗼𝗹𝗶𝗰𝘆 & 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗼𝗿𝘆 𝗟𝗮𝗻𝗱𝘀𝗰𝗮𝗽𝗲: 𝗔 𝗖𝗼𝗿𝗽𝗼𝗿𝗮𝘁𝗲 𝗥𝗲𝗮𝗱𝗶𝗻𝗲𝘀𝘀 𝗣𝗲𝗿𝘀𝗽𝗲𝗰𝘁𝗶𝘃𝗲” ခေါင်းစဉ်ဖြင့် Panel Discussion အား ၂၀၂၆ ခုနှစ်၊ မေ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး Governance၊ Policy နှင့် Legal ပညာရှင်များကို စုစည်းကာ အဖွဲ့အစည်းများအနေဖြင့် ပြောင်းလဲလာသော ပတ်ဝန်းကျင်များအတွင်း readiness နှင့် resilience ကို မည်သို့တိုးမြှင့်နိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။
အဓိကအကြောင်းအရာများကို အခြေခံထားသော Session သုံးခုအတွင်း Panelists များက stakeholder engagement၊ regulatory risk assessment၊ corporate readiness tools၊ ESG နှင့် အနာဂတ်ကို ဦးတည်သော business practices များအပေါ် လက်တွေ့အသုံးချနိုင်သော အမြင်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ထူးချွန်သော Panelists နှင့် Moderator ဖြစ်ကြသော Daw Khine Wai Thwe၊ U Thet Zaw Htwe နှင့် Daw Khin Soe Htaik တို့အားလည်းကောင်း၊ တက်ရောက်ပါဝင်၍ စိတ်ဝင်စားဖွယ်ကောင်းပြီး အကျိုးရှိသော ဆွေးနွေးပွဲကို အတူတကွဖန်တီးပေးခဲ့ကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
Our fifteenth Leadership Series session was successfully held on 18 March 2026 (Wednesday) via Zoom, bringing together an engaged and enthusiastic audience.
A heartfelt thank you to Sayar Gyi Prof. Dr. Aung Tun Thet for an inspiring session on “Leading with Heart.” The discussion highlighted the importance of emotional intelligence, empathy, and authenticity in becoming a truly effective leader.
Thank you to 300 attendees who joined us, and we look forward to seeing you at the next instalment of the Leadership Series!
#Leadership #LeadingWithHeart #EmotionalIntelligence #Empathy #LeadershipDevelopment #MIoD
We recently hosted a panel discussion, “𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗚𝗼𝘃𝗲𝗿𝗻𝗮𝗻𝗰𝗲 𝗮𝘁 𝘁𝗵𝗲 𝗕𝗼𝗮𝗿𝗱 𝗧𝗮𝗯𝗹𝗲: 𝗧𝗵𝗲 𝗔𝘂𝗱𝗶𝘁 𝗖𝗼𝗺𝗺𝗶𝘁𝘁𝗲𝗲 𝗶𝗻 𝗣𝗿𝗮𝗰𝘁𝗶𝗰𝗲,” bringing together directors and senior leaders to talk about how Audit Committees can go beyond compliance and provide real, effective oversight.
We explored why this topic matters now from growing regulatory scrutiny to rising expectations for boards and shared practical insights across three key themes: the true role of Audit Committees, financial governance in practice, and working effectively with management and auditors.
Our speakers also offered tips on spotting early warning signs, challenging management constructively, and what makes an Audit Committee Chair truly effective.
A big thank you to our speakers and over 70 attendees who joined us for a lively and insightful discussion!
#AuditCommittee #FinancialGovernance #CorporateGovernance #BoardEffectiveness #RiskOversight #MyanmarLeadership


