အွန်လိုင်းဆွေးနွေးပွဲအကြောင်း

လေ့လာမှုများစွာအရ အမျိုးသမီးစွမ်းရည်သည် ကမ္ဘာပေါ်ရှိ အသုံးချစီးပွားရေးနှင့် စီးပွားရေးအရင်းအမြစ်များအနက်မှ တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျား၊ မ ကွာဟမှုကို လျှော့ချရာတွင် တိုးတက်မှုအနည်းငယ်မျှပင် ပြုလုပ်လျှင် ခိုင်မာသောရလဒ်များ ထွက်ပေါ်လာနိုင်သည်။ ဥပမာအားဖြင့် မကြာသေးမီက အာဆီယံရှိ IFC ဘုတ်အဖွဲ့ ကျား၊ မ မတူကွဲပြားမှု လေ့လာမှုတွင် ဘုတ်အဖွဲ့ ကျား၊ မ ကွဲပြားမှုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်ကို အပြုသဘောသက်ရောက်နိုင်သည်ဟု တွေ့ရှိခဲ့သည်။ ထို့အပြင် အမျိုးသမီးများသည် ဘုတ်အဖွဲ့ဝင်နေရာ ၁၅ ရာခိုင်နှုန်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီအီးအိုနှင့်ဘုတ်အဖွဲ့၏ရာထူး ၄ ရာခိုင်နှုန်းသာရှိသည်။ COVID-19 ရောဂါကူးစက်မှုကာလအတွင်း အမျိုးသမီး၀န်ထမ်းများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးသည်။ ထိုအချိန်တွင်များစွာသော အမျိုးသမီးများအနေဖြင့် အချိုးအစားမမျှတသည့် စီးပွားရေးစိန်ခေါ်မှုများ၊ ထပ်မံစောင့်ရှောက်မှုဝန်ထုပ်များကိုယူပြီး တိုးပွားလာသည့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအန္တရာယ်များကို ရင်ဆိုင်နေရသည်။

ဤအွန်လိုင်းဆွေးနွေးပွဲသည် သင်တန်းသားများအား အောက်ပါအချက်များအထောက်အကူပေးလိမ့်မည်။

  • စီးပွားရေးကိစ္စရပ်များနှင့် ကျား၊ မ တန်းတူညီမျှမှုနှင့် မတူကွဲပြားမှုတို့အတွက် အကျိုးကျေးဇူးများကို ပိုမိုနားလည်ရန်၊
  • ဒါရိုက်တာများနှင့်အမှုဆောင်များအနေဖြင့် ၎င်းတို့၏ကုမ္ပဏီများအတွင်း ကျား၊ မ တန်းတူညီမျှရေး တိုးတက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးရန် နှင့်
  • COVID-19 Pandemic ကာလအတွင်း ကျား၊ မ တန်းတူညီမျှမှုနှင့် မတူကွဲပြားမှုအလေ့အထများကို မည်သို့အကောင်အထည်ဖော်နိုင်ကြောင်း လက်တွေ့ကျသည့် ဥပမာများနှင့် ပြန်လည်သုံးသပ်မည်။

အွန်လိုင်းဆွေးနွေးပွဲအကြောင်း

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) နှင့် ၎င်းနှင့်ဆက်စပ်သာ နိုင်ငံရေးအရ  ဩဇာတိက္ကမ ရှိသူများ (Politically Exposed Persons) ဆိုသောသဘောတရားများသည် မြန်မာနိုင်ငံတွင် အရင်းတနှီး မရှိသေးပါ။ မကြာသေးမီက ထိုဝေါဟာရများကို စည်းမျဉ်းစည်းကမ်းအနေဖြင့် မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့သည်။ တစ်ချက်မှာ မြန်မာနိုင်ငံ သဘာ၀သယံဇာတအရင်းအမြစ်များ ဖော်ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (MEITI) ၏ ထုတ်ပြန်ချက်များ ဖြစ်သည်။ ထို့အပြင် OECD ဘဏ္ဍာ ရေးလှုပ်ရှားမှုအဖွဲ့ (Financial Action Task Force) ၏ အကဲဖြတ်မှုအပေါ် မြန်မာနိုင်ငံ၏ တုန့်ပြန်မှု အနေဖြင့် ငွေကြေးခဝါချခြင်းအားတိုက်ဖျက်ချေမှုန်းခြင်း (Anti-money laundering) ၏ လိုအပ်ချက်များ တွင်လည်း ထိုဝေါဟာရများပါဝင်သည်။  ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလတွင် DICA သည်  အကျိုးအမြတ်ရရှိပိုင် ဆိုင်မှုသတင်းအချက်အလက်များကိုထုတ်ဖော်ရန်ညွှန်ကြားချက်၁၇/၂၀၁၉ အား ထုတ်ပြန်ခဲ့သည်။

ဤ MIoD Webinar (မြန်မာဘာသာဖြင့်) တွင် Beneficial Ownership ဆိုသည်မှာ အဘယ်နည်းနှင့် မြန်မာနိုင်ငံတွင် မည်သည့် ပုဂ္ဂိုလ်များသည် Politically Exposed Persons ဖြစ်သည်ကို ဆန်းစစ်လိမ့်မည်။ ထုတ်ဖော်ကြေငြာခြင်း လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် ကုမ္ပဏီများအနေဖြင့် မည်သည့် အရာများလုပ်ဆောင်ရန် လိုအပ်သည်ကို DICA မှ နောက်ဆုံး သတင်းများပေးလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာတို့တွင် ဆက်လက် ဆွေးနွေးနေကြသော ကုမ္ပဏီပိုင်ဆိုင်မှု၏ ပွင့်လင်း မြင်သာမှု ကိစ္စရပ်များကိုလည်း ဖော်ပြလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတို့တွင် ဤကဏ္ဍ အကြောင်း ဆက်လက်ဆောင်ရွက်မှုများကို ဆွေးနွေးလိမ့်မည်။

အာရှတိုက်ရှိ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများ

  • ဟက်ကာများက အာရှတိုက်ရှိ အဖွဲ့အစည်းများကို တိုက်ခိုက်နိုင်ခြေသည် ၈၀% ပိုများသည်။
  • စီးပွားရေးလုပ်ငန်း ဝင်ငွေများအနက် အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံကို ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် ဆုံးရှုံးခဲ့သည်။
  • အာရှတိုက်ရှိ အဖွဲ့အစည်းများသည် ဥပဒေချိုးဖောက်မှုများကို ရှာဖွေတွေ့ရှိရန် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှကြာချိန်ထက် ၁.၇ ဆ ပိုကြာသည်။
  • အာရှစီးပွားရေးလုပ်ငန်းများသည် မြောက်အမေရိကစီးပွားရေးလုပ်ငန်းများထက် သတင်းအချက်အလက်လုံခြုံရေးကဏ္ဍတွင် ၄၇% လျှော့သုံးသည်။
  • အာရှတိုက်ရှိ အင်တာနက်အသုံးပြုသူ ၇၈% သည် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် ပညာကို မသင်ယူဖူးပါ။
  • စီးပွားရေးလုပ်ငန်း ၇၀% သည် ၎င်းတို့၏ ဆိုက်ဘာအင်အားကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခြင်းမရှိပါ။
  • အဖွဲ့အစည်း ၇၄% သည် ဆိုက်ဘာကျွမ်းကျင်သူများကို အလုပ်ခန့်ရန်အတွက် “အခက်တွေ့ သို့မဟုတ် အလွန်အခက်တွေ့” နေကြသည်။
  • အာမခံကုမ္ပဏီကြီးများသည် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထက်ရှိ တစ်ဦးတည်းအာမခံအကာအကွယ်ကို ပေးရန် တွန့်ဆုတ်နေကြသည်။

ရင်းမြစ် – Marsh & McLennan Companies၊ ၂၀၁၇ ခုနှစ်


အွန်လိုင်းဆွေးနွေးပွဲအကြောင်း

ဒစ်ဂျစ်တယ်ချိတ်ဆက်မှု မြင့်မားခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ နည်းပါးခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ဒေတာအချက်အလက်ကူးပြောင်းမှုများ များပြားလာခြင်းနှင့် ဥပဒေကြပ်မတ်မှု အားနည်းခြင်းတို့ကြောင့် အာရှတိုက်သည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် အဓိကပစ်မှတ် ဖြစ်လာသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်မှနေ၍ အလုပ်လုပ်သည့်ပုံစံသို့ တစ်ဟုန်ထိုး ပြောင်းလဲလာမှု သည် ပြင်းထန်ဆိုးရွားသော ဆိုက်ဘာလုံခြုံရေးချိုးဖောက်မှုများ ကြုံတွေ့ရနိုင်သည့် အန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ဘုတ်အဖွဲ့များအနေဖြင့် လုံခြုံရေးကျိုးပေါက်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ထိခိုက်နစ်နာမှုများကို အလိုအလျောက် နားလည်သဘောပေါက်နိုင်သော်လည်း အဆိုပါ ရှုပ်ထွေး၍ အဖုံဖုံပြောင်းလဲတတ်သည့် အန္တရာယ်ဖြစ်နိုင်ခြေအပေါ် ဘုတ်အဖွဲ့၏ ဂရုပြု တားဆီးကာကွယ်နိုင်စွမ်းကို သက်ဆိုင်ရာဗဟုသုတ ကင်းမဲ့မှုက ဟန့်တားထားတတ်ပါသည်။ ဘုတ်အဖွဲ့အများစုသည် ဆိုက်ဘာ လုံခြုံရေးကို ဂရုပြုခြင်းပင် မရှိပါ။

ဆိုက်ဘာအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချခြင်းသည် (စီးပွားရေးလုပ်ငန်း၏ အရွယ်အစား သို့မဟုတ် လုပ်ငန်းကဏ္ဍတို့နှင့် မသက်ဆိုင်ဘဲ) စီးပွားရေးလုပ်ငန်းတိုင်းအတွက် ဒစ်ဂျစ်တယ်နည်းစနစ်အရ ချိတ်ဆက်ထားသော ကမ္ဘာကြီးတွင် မိမိတို့လုပ်ငန်း ရှင်သန်ကြီးထွားလာစေရန်အလို့ငှာ အသက်တမျှ အရေးပါသည့် အစိတ်အပိုင်းဖြစ်ပါသည်။ ထိရောက်မှုရှိသော မဟာဗျူဟာကို စနစ်တကျ ရေးဆွဲချမှတ်ရာတွင် ဘုတ်အဖွဲ့များသည် အဓိကနေရာမှ ပါဝင်ပါသည်။ ဤအွန်လိုင်းဆွေးနွေးပွဲသည် ပါဝင်တက်ရောက်သူများအား အောက်ပါကဏ္ဍများတွင် အကူအညီပေးမည်ဖြစ်သည်။

  • အန္တရာယ်ဖြစ်နိုင်ခြေကို ကောင်းမွန်စွာ လျှော့ချနိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသည့် ဘုတ်အဖွဲ့နှင့် အကြီးတန်းစီမံခန့်ခွဲသူများ၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်စေရန်
  • သင့်လျော်သော ဆိုက်ဘာလုံခြုံရေးမဟာဗျူဟာများနှင့် အကျပ်အတည်းများကို တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းများကို အသုံးချခြင်းဖြင့် အန္တရာယ်ဖြစ်နိုင်ခြေများနှင့် စိန်ခေါ်မှုအခက်အခဲများကို စီမံခန့်ခွဲရန်
  • အစိုးရ၊ ပုဂ္ဂလိကနှင့် ပုဂ္ဂလအဆင့်များရှိ မြန်မာနိုင်ငံ၏ လက်ရှိ ဆိုက်ဘာလုံခြုံရေးအခင်းအကျင်းကို နားလည်သဘောပေါက်စေရန်

အွန်လိုင်းဆွေးနွေးပွဲအကြောင်း

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း ကမ္ဘာအနှံ့အပြားရှိ မူဝါဒချမှတ်သူများ၊ ဥပဒေကြပ်မတ်ရေး အရာရှိများနှင့် ဈေးကွက်တွင်ပါဝင်သူများသည် ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒများနှင့် စီမံဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ရန် လိုအပ်မှုအပေါ် ပိုမိုအသားပေး ဆောင်ရွက်လာ ကြသည်။ လက်တွေ့မျက်မြင်ကို အခြေခံသည့် အထောက်အထားများ ပိုမိုများပြားလာခြင်းက ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် ယှဉ်ပြိုင်မှုကို ပံ့ပိုးပေး၍ ကော်ပိုရိတ်အား အရင်းအနှီး ဈေးကွက်များကို လက်လှမ်းမီရရှိစေသည်ကို ပြသနေသောကြောင့် ၎င်းသည် ဘဏ္ဍာရေးဈေးကွက်များ ကို ဖွံ့ဖြိုးစေ၍ စီးပွားရေးတိုးတက်စေရန် လှုံ့ဆော်ရာတွင် ကူညီပေးပါသည်။ ယနေ့ခေတ်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီများ၏ လည်ပတ်ပုံနှင့် ၎င်းတို့၏ လိုအပ်ချက်နှင့် တောင်းဆိုမှုများအပေါ် တုံ့ပြန်ဆောင်ရွက်ပုံတို့အပေါ် အမြဲပိုမိုဂရုပြုလေ့ရှိပါသည်။ ရင်းနှီးမြှုပ်နှံသူများ သည် ဘုတ်အဖွဲ့က ကောင်းမွန်သောအလေ့အထများအတိုင်း လိုက်နာဆောင်ရွက်သည့်အပြင် သတင်းအချက်အလက်ထုတ်ဖော်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ရှိစေရန် ပံ့ပိုးပေးပြီး ရှယ်ယာရှင်များ၏ အခွင့်အရေးများကို လေးစားသည့် ကောင်းမွန်စွာ စီမံအုပ်ချုပ်သော ကုမ္ပဏီများတွင် ပိုမိုရင်းနှီးမြှုပ်နှံလိုသောဆန္ဒ ပိုမိုရှိလာပါသည်။ ကောင်းမွန်စွာ စီမံအုပ်ချုပ်သော ကုမ္ပဏီများသည်လည်း  ၎င်းတို့၏ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ပြီး စဉ်ဆက်မပြတ် ကြီးပွားတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ပိုမိုဆောင်ရွက်နိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ရှုထောင့်မှမြင်သည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသည် ပါဝင်တက်ရောက်သူများအား အောက်ပါကဏ္ဍများတွင် အကူအညီပေးမည်ဖြစ်သည်။

  • ရင်းနှီးမြှုပ်နှံသူများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ မျှော်မှန်းချက်များနှင့် ၎င်းတို့သည် မြန်မာကုမ္ပဏီများအတွက် အဘယ်ကြောင့်အရေးပါသည်ကို ဆွေးနွေးခြင်း။
  • ကုမ္ပဏီများ၏ စီမံအုပ်ချုပ်မှုအပိုင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များနှင့်အညီ ဒါရိုက်တာများနှင့် အလုပ်အမှုဆောင်များကို လမ်းညွှန်မှုများပေးခြင်း။
  • ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများကို မည်သို့အကောင်အထည်ဖော်ချမှတ်မည်နှင့် စပ်လျဉ်း၍ လက်တွေ့ကျသော သာဓကများပေးခြင်း။