ကျွန်ုပ်တို့သည် ဒါရိုက်တာများနှင့် အကြီးတန်းအလုပ်အမှုဆောင်များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဘုတ်အဖွဲ့အဆင့်သင်တန်းများ ဖွင့်လှစ်ပေးပါသည်။ ကျွန်ုပ်တို့၏ အဓိကသင်တန်းများတွင် အောက်ပါတို့ပါဝင်ပါသည်။
MIoD ၏ ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ် (DCP) သည် မြန်မာနိုင်ငံ၏ ပထမဆုံး တရားဝင်အသိအမှတ်ပြုလက်မှတ်နှင့် ဒါရိုက်တာသင်တန်းအစီအစဉ် ဖြစ်ပါသည်။ အဆိုပါသင်တန်းအစီအစဉ်တွင် ပါဝင်သည့်သင်ခန်းစာများကို Singapore Management University ၏ နာမည်ကျော် Executive Program မှ ရေးဆွဲထားပြီး MIoD အား ၎င်း၏ ပြည်တွင်းမိတ်ဖက် အနေနှင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ Public and Private ကဏ္ဍများမှ ခေါင်းဆောင်များ ပါဝင်သည့် ကွန်ရက်ထံ executive trainingများ ပို့ချပေးရန် ရည်ရွယ်ပါသည်။
အဆိုပါ တစ်မူထူးခြားသော သင်တန်းအစီအစဉ်တွင် အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေများကို အထူးပြု ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ ရင်ဆိုင်ကြုံတွေ့နေရသည့် အခရာကျသော အရေးကိစ္စများ၊ အဓိကမဟာဗျူဟာများနှင့်စပ်လျဉ်း၍ အတွေ့အကြုံရင့် ဘုတ်အဖွဲ့ဝင်များ၏ ထင်မြင်ယူဆချက်များကို တင်ပြထားပါသည်။
အဆိုပါအစီအစဉ်၌ ဒါရိုက်တာများသည် ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သော ဥပဒေကြပ်မတ်ရေးဆိုင်ရာ သတ်မှတ်ချက်များအပါအဝင် ၎င်းတို့၏ တာဝန် ဝတ္တရားများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (MCL) ကို ပြန်လည်သုံးသပ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ဖော်ပြထားသည့် ဒါရိုက်တာများ၏ တာဝန်သည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်ပြီး ပါဝင်တက်ရောက်သူများအနေဖြင့် အဆိုပါအပြောင်းအလဲ၏ သက်ရောက်မှုကို မည်သို့ လျော့ပါးသက်သာစေပြီး စည်းမျဉ်းအသစ်များကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ယှဉ်ပြိုင်မှု ဆိုင်ရာ အားသာချက်များကို မည်သို့ ဖန်တီးနိုင်မည်တို့နှင့်စပ်လျဉ်း၍ စနည်းနာရပါမည်။
ထို့ပြင် ၎င်းသည် မြန်မာကုမ္ပဏီများ ယနေ့ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပေးပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာအောင် ဆွဲဆောင်ပေးရန်အတွက် စီစဉ်ချမှတ်ထားသော ခိုင်မာအားကောင်းသည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါသည်။ ပါဝင်တက်ရောက် သူများအနေဖြင့် အာရှတိုက်ရှိ အထင်ကရ မိသားစုများ၏ ဖြစ်ရပ်လေ့လာချက်များကို ပြန်လည်သုံးသပ် ခြင်းဖြင့် မိသားစုတွင်း စီမံအုပ်ချုပ်မှု၊ အထူးသဖြင့် ဆက်ခံမှုအစီအစဉ်ရေးဆွဲခြင်းကိုလည်း လေ့လာကြ မည် ဖြစ်ပါသည်။
ဒါရိုက်တာများအနေဖြင့် ကိန်းဂဏန်းများနောက်ကွယ်ရှိ အကြောင်းရင်းအခြေအနေများ၊ ဘဏ္ဍာရေး ရှင်းတမ်း ဆန်းစစ်ချက်၊ ကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေကို နားလည်သဘောပေါက်ရာတွင် အသက်တမျှ အရေးပါသည့် အဓိက ဘဏ္ဍာရေးအညွှန်းကိန်းများနှင့် အချိုးများကို စံသတ်မှတ်ခြင်းများနှင့် စပ်လျဉ်း၍ နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ်တွင် ဒါရိုက်တာများအနေဖြင့် ယခင်ဖြစ်ပွားခဲ့ပြီးသည့် ဖြစ်ရပ်လေ့လာချက်များမှ သင်ခန်းစာယူနိုင်သည့် အထင်ကရဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။
အာရှနိုင်ငံများတွင် ဖြစ်ပျက်ခဲ့သည့် များစွာသော ဖြစ်ရပ်လေ့လာချက်များမှ အဓိကအချက်များကို ပိုမို နားလည်စေရန်အတွက် သင်တန်းတွင် အပြန်အလှန်ဆွေးနွေးပြီး ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။ ဗဟုသုတရော စွမ်းဆောင်ရည်များပါ ပြည့်စုံသည့် မြန်မာကုမ္ပဏီများ၏ ဒါရိုက်တာများကို စွမ်းရည်မြှင့်တင်ပေး၍ ပြောင်းလဲနေသော မြန်မာ့စီးပွားရေးအခင်းအကျင်းတွင် ဦးဆောင်မှုပြုနိုင်ပြီး စိတ်ဓာတ်ရေးရာ၌ အသင့်ဖြစ်စေရန်အတွက် လုပ်ငန်းနမူနာများကို လေ့လာသင်ယူခြင်းမှတစ်ဆင့် အခြားသော ပါဝင်တက်ရောက်သူများ၊ နည်းပြဆရာများနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရရှိမည် ဖြစ်ပါသည်။


မြန်မာနှင့် အင်္ဂလိပ်ဘာသာ အစီအစဉ်
4 full days in person
Novotel Yangon Max
* Certified ဒါရိုက်တာများသည် Continuing Director Education (CDE) ခရက်ဒစ် 8 ခု ရရှိမည်ဖြစ်သည်။
အဖွဲ့ဝင်မဟုတ်သူများအတွက် ကျပ် ၂,၅၀၀,၀၀၀ (အခွန်နှင့် ဘဏ်ကောက်ခံမှုများ၏ အသားတင်)
20% လျှော့စျေး (Professional members)
50% လျှော့စျေး (Certified members)
20% လျှော့စျေး (Corporate Members)
trainingandevent@myanmariod.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။
ဖုန်းနံပါတ် +၉၅ ၉ ၄၂၇ ၃၆၃ ၉၀၄၊ ၄၀၀၁၅၁၄၁၉ နှင့် ၄၀၀၁၅၁၄၁၂