မြန်မာဒါရိုက်တာများ အင်စတီကျုမှ ကြိုဆိုပါသည်။
MIoD ၏ Board Member တစ်ဦးဖြစ်သူ Daw Thiri Thant Mon မှ MIoD ရဲ့ ရည်ရွယ်ချက်၊ Board Director များရဲ့ တာဝန်နှင့် Corporate Governance ရဲ့ အရေးပါမှု ကို အကျဉ်းချုပ် မျှဝေပေးထားပါတယ်။
မြန်မာဒါရိုက်တာများအင်စတီကျု (MIoD) ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများနှင့် အကောင်းမွန်ဆုံး အလေ့အထများကို အားပေးမြှင့်တင်ပေးသော သီးခြားလွတ်လပ်ပြီး အမှီအခိုကင်းသည့်အဖွဲ့အစည်းတခု ဖြစ်ပါသည်။
အင်စတီကျုကို မြန်မာနိုင်ငံရှိ စီးပွားရေးခေါင်းဆောင်များနှင့် ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှု ပေါ်ပေါက်လာစေရန် အရေးဆို လှုပ်ရှားဆောင်ရွက်နေကြသူများဖြင့် ဖွဲ့စည်းထားပြီး ကွဲပြားစုံလင်သော အသင်းအဖွဲ့တခုဖြစ်ပြီး၊ ဘုတ်အဖွဲ့၏ ကျွမ်းကျင်ပိုင်နိုင်မှုကို တိုးတက်စေရန်၊ ကုန်သွယ်စီးပွားဆိုင်ရာ ကျင့်ဝတ်များနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊ ကော်ပိုရိတ်ခေါင်းဆောင်များနှင့် အကျိုးသက်ဆိုင်သူများအကြားတွင် ကွန်ရက်များချိတ်ဆက်ပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပေါ် ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
![]()
MIoD ၏ မျှော်မှန်းချက်မှာ ဒါရိုက်တာများ၏ ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု နှင့် အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံအား တိုးတက်အားကောင်းလာစေရန်။
500 +
Certified Directors
55 +
Training Program
64 +
Events and Webinars
191 +
Individual Members
191 +
Corporate Members
ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့ကို မြန်မာနိုင်ငံရှိ စီးပွားရေးခေါင်းဆောင်များနှင့် ကောင်းမွန်သော ကော်ပိုရိတ် စီမံအုပ်ချုပ်မှုကို အားပေးထောက်ခံသူများဖြင့် ဖွဲ့စည်းထားပြီး ကွဲပြားစုံလင်သော အသင်းအဖွဲ့တစ်ခု ဖြစ်ပါသည်။ ဘုတ်အဖွဲ့တွင် အကြီးတန်းကိုယ်စားလှယ်များအပြင် အရေးပါသော ကုမ္ပဏီ CEO များနှင့် စျေးကွက်ဆိုင်ရာ အကျိုးသက်ဆိုင်သူ များကို ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များလည်း ပါဝင်ပါသည်။