Leadership Series: Leadership Resilience to Thrive in Challenging Times

June 17, 2026

MIOD ၏ (၁၆) ကြိမ်မြောက် Leadership Series Session ဖြစ်သော “Leadership Resilience to Thrive in Challenging Times” ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

⁣ဤအဖိုးတန်သော အမြင်များနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့သည့် MIoD ၏ Patron ဖြစ်သူ Sayar Gyi Prof. Dr. Aung Tun Thet အား အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ကောင်းပြီး အတွေးအမြင်များ ပါဝင်ဆွေးနွေးခဲ့ကြသည့် တက်ရောက်သူ (၄၀၀) ကျော်အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

 

𝑲𝒆𝒚 𝑻𝒂𝒌𝒆𝒂𝒘𝒂𝒚𝒔

ယနေ့ခေတ်၏ မသေချာမရေရာမှုများနှင့် အပြောင်းအလဲများကြားတွင် Resilient Leaders များသည် အခက်အခဲများကို ကျော်လွှားခြင်း၊ အပြောင်းအလဲများကို လိုက်လျောညီထွေစွာ တုံ့ပြန်ခြင်း၊ မိမိတို့၏ အသင်းအဖွဲ့များကို စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် စိန်ခေါ်မှုများကို တိုးတက်မှုအခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ခြင်းအစရှိသည်တို့ကို ဆွေးနွေးမျှဝေခဲ့ပါသည်။

 

🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အဓိက ကဏ္ဍ (၄) ရပ်

  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Physical Resilience)
  • စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Mental Resilience)
  • စိတ်ခံစားမှုဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Emotional Resilience)
  • လူမှုဆက်ဆံရေးဆိုင်ရာ ကြံ့ခိုင်နိုင်စွမ်း (Social Resilience)

 

🔹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 တည်ဆောက်ရန် အရေးကြီးသော လေ့ကျင့်မှု (၈) ချက်

  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း
  • အရည်အသွေးကောင်းမွန်သော အိပ်စက်ခြင်း
  • Mindfulness လေ့ကျင့်ခြင်း
  • အတွေးအမြင်များကို အပြုသဘောဆောင်စွာ ပြန်လည်သုံးသပ်ခြင်း (Positive Reappraisal)
  • ကောင်းမွန်သော စိတ်ခံစားချက်များကို တန်ဖိုးထားခံစားခြင်း (Emotional Savoring)
  • ကျေးဇူးတရားထားရှိခြင်း (Gratitude)
  • လူမှုဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ထိန်းသိမ်းခြင်း
  • စိတ်ဖိစီးမှုလျော့နည်းစေရန် အာရုံခံစားမှုများကို အကျိုးရှိစွာ အသုံးချခြင်း

 

🔹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ၏ အခြေခံမဏ္ဍိုင် (၅) ရပ်

1️⃣ Focus – အရေးကြီးသည့် အရာများအပေါ် အာရုံစိုက်ခြင်း

2️⃣ Fast – လျင်မြန်ပြီး ထိရောက်စွာ ဆောင်ရွက်ခြင်း

3️⃣ Flexible – အခြေအနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း

4️⃣ Fearless – စိန်ခေါ်မှုများကို ယုံကြည်မှုရှိစွာ ရင်ဆိုင်ခြင်း

5️⃣ Fun – အပြုသဘောဆောင်သော စိတ်ဓာတ်နှင့် ပျော်ရွှင်မှုကို ထိန်းသိမ်းထားခြင်း

Session မှ အထူးသတိပြုမိခဲ့သည့် အချက်တစ်ခုမှာ Resilient Leadership ဆိုသည်မှာ အခက်အခဲများမှ ပြန်လည်ရုန်းထွက်နိုင်ရုံသာမက စိန်ခေါ်မှုများမှတစ်ဆင့် ပိုမိုကြံ့ခိုင်သန်မာလာကာ အခြားသူများကိုလည်း အလားတူ တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခြင်း ဖြစ်သည်။