The Board/Company Secretary Essentials is the short course of Board/Company Secretary Program provides a key role in supporting the board. This 2-half days course is intended for those who need to understand the breadth and scope of the role and responsibilities of both directors and those who support boards and in particular Company. This course will discuss the role of a company secretary and provide practical instruction in relation to fulfilling that role in the context of the Myanmar Companies Law 2017 (MCL) and the requirements of the Directorate of Investment and Company Administration (DICA), including looking at key company secretarial regulatory compliance requirements under the MCL. Participants will be provided with a range of example documents to assist them in managing their own company secretarial activities. By the end of the course you will understand:
|
| Who should attend this program:
It is also relevant to those professionals who are directly involved in board support and board information preparation and presentation to help them provide to their boards the best quality board support and to enable them to consider what practical steps they can take to deliver better quality board support.
| Program language:
Myanmar and English Language Program
| Program duration:
4, 11 and 12 May 2024
|
| Program fees:
MMK 300,000 for non-members (net of taxes and bank charges)
| Program delivery:
Detailed interactive classroom review of statutory reporting requirements by DICA per MCL using examples and templates.
| Registration:
Please register by 1 May 2024.
Please contact trainingandevent@myanmariod.com or the office of Myanmar Institute of Directors.
Phone Number: +95 9 400151412, 400151419, 427 363 904.
MIoD ၏ ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ် (DCP) သည် မြန်မာနိုင်ငံ၏ ပထမဆုံး တရားဝင်အသိအမှတ်ပြုလက်မှတ်နှင့် ဒါရိုက်တာသင်တန်းအစီအစဉ် ဖြစ်ပါသည်။ အဆိုပါသင်တန်းအစီအစဉ်တွင် ပါဝင်သည့်သင်ခန်းစာများကို Singapore Management University ၏ နာမည်ကျော် Executive Program မှ ရေးဆွဲထားပြီး MIoD အား ၎င်း၏ ပြည်တွင်းမိတ်ဖက် အနေနှင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ Public and Private ကဏ္ဍများမှ ခေါင်းဆောင်များ ပါဝင်သည့် ကွန်ရက်ထံ executive trainingများ ပို့ချပေးရန် ရည်ရွယ်ပါသည်။
အဆိုပါ တစ်မူထူးခြားသော ၃ ရက်သင်တန်းအစီအစဉ်တွင် အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေများကို အထူးပြု ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ ရင်ဆိုင်ကြုံတွေ့နေရသည့် အခရာကျသော အရေးကိစ္စများ၊ အဓိကမဟာဗျူဟာများနှင့်စပ်လျဉ်း၍ အတွေ့အကြုံရင့် ဘုတ်အဖွဲ့ဝင်များ၏ ထင်မြင်ယူဆချက်များကို တင်ပြထားပါသည်။
အဆိုပါအစီအစဉ်၌ ဒါရိုက်တာများသည် ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သော ဥပဒေကြပ်မတ်ရေးဆိုင်ရာ သတ်မှတ်ချက်များအပါအဝင် ၎င်းတို့၏ တာဝန် ဝတ္တရားများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (MCL) ကို ပြန်လည်သုံးသပ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ဖော်ပြထားသည့် ဒါရိုက်တာများ၏ တာဝန်သည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်ပြီး ပါဝင်တက်ရောက်သူများအနေဖြင့် အဆိုပါအပြောင်းအလဲ၏ သက်ရောက်မှုကို မည်သို့ လျော့ပါးသက်သာစေပြီး စည်းမျဉ်းအသစ်များကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ယှဉ်ပြိုင်မှု ဆိုင်ရာ အားသာချက်များကို မည်သို့ ဖန်တီးနိုင်မည်တို့နှင့်စပ်လျဉ်း၍ စနည်းနာရပါမည်။
ထို့ပြင် ၎င်းသည် မြန်မာကုမ္ပဏီများ ယနေ့ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပေးပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာအောင် ဆွဲဆောင်ပေးရန်အတွက် စီစဉ်ချမှတ်ထားသော ခိုင်မာအားကောင်းသည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါသည်။ ပါဝင်တက်ရောက် သူများအနေဖြင့် အာရှတိုက်ရှိ အထင်ကရ မိသားစုများ၏ ဖြစ်ရပ်လေ့လာချက်များကို ပြန်လည်သုံးသပ် ခြင်းဖြင့် မိသားစုတွင်း စီမံအုပ်ချုပ်မှု၊ အထူးသဖြင့် ဆက်ခံမှုအစီအစဉ်ရေးဆွဲခြင်းကိုလည်း လေ့လာကြ မည် ဖြစ်ပါသည်။
ဒါရိုက်တာများအနေဖြင့် ကိန်းဂဏန်းများနောက်ကွယ်ရှိ အကြောင်းရင်းအခြေအနေများ၊ ဘဏ္ဍာရေး ရှင်းတမ်း ဆန်းစစ်ချက်၊ ကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေကို နားလည်သဘောပေါက်ရာတွင် အသက်တမျှ အရေးပါသည့် အဓိက ဘဏ္ဍာရေးအညွှန်းကိန်းများနှင့် အချိုးများကို စံသတ်မှတ်ခြင်းများနှင့် စပ်လျဉ်း၍ နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ်တွင် ဒါရိုက်တာများအနေဖြင့် ယခင်ဖြစ်ပွားခဲ့ပြီးသည့် ဖြစ်ရပ်လေ့လာချက်များမှ သင်ခန်းစာယူနိုင်သည့် အထင်ကရဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။
အာရှနိုင်ငံများတွင် ဖြစ်ပျက်ခဲ့သည့် များစွာသော ဖြစ်ရပ်လေ့လာချက်များမှ အဓိကအချက်များကို ပိုမို နားလည်စေရန်အတွက် သင်တန်းတွင် အပြန်အလှန်ဆွေးနွေးပြီး ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။ ဗဟုသုတရော စွမ်းဆောင်ရည်များပါ ပြည့်စုံသည့် မြန်မာကုမ္ပဏီများ၏ ဒါရိုက်တာများကို စွမ်းရည်မြှင့်တင်ပေး၍ ပြောင်းလဲနေသော မြန်မာ့စီးပွားရေးအခင်းအကျင်းတွင် ဦးဆောင်မှုပြုနိုင်ပြီး စိတ်ဓာတ်ရေးရာ၌ အသင့်ဖြစ်စေရန်အတွက် လုပ်ငန်းနမူနာများကို လေ့လာသင်ယူခြင်းမှတစ်ဆင့် အခြားသော ပါဝင်တက်ရောက်သူများ၊ နည်းပြဆရာများနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရရှိမည် ဖြစ်ပါသည်။
| သင်တန်း ရည်မှန်းချက်များ
* Certified ဒါရိုက်တာများသည် Continuing Director Education (CDE) ခရက်ဒစ် 8 ခု ရရှိမည်ဖြစ်သည်။
| ဤသင်တန်းတွင် ပါဝင်တက်ရောက်သင့်သူများ
| သင်ရိုးမာတိကာ
| သင်တန်းတွင် အသုံးပြုမည့်ဘာသာစကား
မြန်မာနှင့် အင်္ဂလိပ်ဘာသာ အစီအစဉ်
| သင်တန်းအချိန်စာရင်း
3 full days in person,
15th, 16th and 17th March 2024, 8:00 am – 5:30 pm
| သင်တန်းတည်နေရာ
Novotel Yangon Max
| သင်တန်းပို့ချပုံ
အရေးကြီးသော မှတ်စုများ-
| သင်တန်းကြေး
အဖွဲ့ဝင်မဟုတ်သူများအတွက် ကျပ် ၂,၀၀၀,၀၀၀ (အခွန်နှင့် ဘဏ်ကောက်ခံမှုများ၏ အသားတင်)
20% လျှော့စျေး (Professional members)
50% လျှော့စျေး (Certified members)
20% လျှော့စျေး (Corporate Members)
| စာရင်းသွင်းခြင်း
Online Registration Link: https://forms.office.com/r/myKTUhgdKn
Registration Deadline: 11th March 2024
trainingandevent@myanmariod.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။
ဖုန်းနံပါတ် +၉၅ ၉ ၄၀၀၁၅၁၄၁၂၊ ၄၀၀၁၅၁၄၁၉ နှင့် ၄၂၇ ၃၆၃ ၉၀၄
Download Brochure and Faculties’ Profile
| About the Program
Every board member understands the importance of company finances. However, not every director is aware of their specific role and responsibilities in regard to financial governance and stewardship. This training is designed to equip directors that have a non-financial background with a deeper understanding of key financial issues, including how to spot red flags, vulnerabilities, and risks in company finances.
Specifically, the program will cover the following topics:
| Program Objectives
*Prior knowledge of accounting or finance is not required.
| Who should attend this program:
Board members, senior management of corporations, public sectors and non-profit organisations and senior partners of professional firms who may not be financial experts but need to be financial literate in order to effectively conduct corporate governance responsibilities. (Previous attendees of the full Director Certification Program may attend this as a summary-level refresher but please note that some of the content will be repeated.)
| Program Aganda:
| Program Duration:
4 half-days online Program
17th – 18th & 24th – 25th February 2024
9:00 am – 12:00 pm, Myanmar Time
| Program Language:
Facilitate in Myanmar Language with English Language materials
| Program Location:
Zoom Online
| Program fees:
MMK 600,000 for non-members (net of taxes and bank charges)
* 20% discounts (Professional member)
* 50% discounts (Certified member)
* 10% discounts (Corporate member)
Note: The attendees will get additional discounts for full DCP after attending the Finance for Director program. This attendance will allow you to skip the Finance modules of DCP or attend them as refresher.
Attendees will obtain 4 Continuing Directorship Education (CDE) credits by attending this program.
| Registration:
Please register by 14th February 2024 to reserve your spot. Spaces are limited – first come first served. Thank you.
Online Registration Link |
Please contact trainingandevent@myanmariod.com or the office of Myanmar Institute of Directors.
Phone Number: +95 9 400151412, 400151419, 427 363 904
| ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် အဘယ်ကြောင့်အရေးပါသနည်း
ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် ကုမ္ပဏီတစ်ခုချင်းစီနှင့် ယေဘုယျဈေးကွက်များအတွက် စွမ်းဆောင်ရည်တိုးတက်စေခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီရရှိစေခြင်း၊ စဉ်ဆက်မပြတ် တိုးတက်စေရန် အားပေးမြှင့်တင်ပေးခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းပေးပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သော ကုမ္ပဏီများအက်ဥပဒေသစ်သည် ကုမ္ပဏီ၏ ဖွဲ့စည်းမှုနှင့် စီမံခန့်ခွဲမှုတို့ကို ခေတ်နှင့်အညီဖြစ်စေသည့်အပြင် နိုင်ငံတွင်းရှိ ကော်ပိုရေးရှင်းများတွင် ပိုမို တောင့်တင်းခိုင်မာသော ကြီးကြပ်ကွပ်ကဲမှုနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ ရှိစေရန် သတ်မှတ်ထားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယေဘုယျဝန်းကျင်အတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့များနှင့် စီမံအုပ်ချုပ်သူများအနေဖြင့် ၎င်းတို့ကုမ္ပဏီများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်စေသည့် အရာများလည်း ဖြစ်ပါသည်။
ကုမ္ပဏီ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံများ၊ မူဝါဒမူဘောင်နှင့် စီမံဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ခြင်းများတွင် ရေတို၊ ရေလတ်နှင့် ရေရှည်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို စနစ်တကျရေးဆွဲခြင်း ပါဝင်ပါသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲများ ဖြစ်စေရန် လိုလားသည့် ကုမ္ပဏီများသည် တည်ကြည်ဖြောင့်မတ်မှုဆိုင်ရာနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စံချိန်စံညွှန်းများ ပိုမိုမြင့်မားစေရန် ရည်ရွယ်ချက်ထားရှိကြောင်း ဈေးကွက်အတွင်းမှ သက်ဆိုင်သူများအား ခိုင်ခိုင်မာမာ အသိပေးရာရောက်ပါသည်။ ထို့ပြင် အဆိုပါအပြောင်းအလဲများသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စွမ်းရည်ပြည့်ဝမှုနှင့် စွမ်းဆောင်ရည်တို့ကို တိုးတက်စေပြီး ရှယ်ယာရှင်များအတွက် ပိုမိုမြင့်မားသော ရှယ်ယာတန်ဖိုးများရရှိရန် ဖန်တီးပေးသည့်အပြင် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံသူများကိုပါ ဆွဲဆောင်နိုင်စေပါ သည်။
| သင်တန်းအကြောင်း
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (CGAP) လက်တွေ့သင်တန်းသည် MIoD ၏ သင်ကြားမှုအကြောင်းအရာစဉ်များ၏ အထင်ကရပို့ချမှုများအနက်မှ တစ်ခုဖြစ်ပါသည်။ အဆိုပါ နှစ်ရက်ခွဲတာ သင်တန်းသည် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမူဘောင်တွင် ပါဝင်သည့် အခြေခံအချက်များနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် သင်ကြားပေးပြီး ဒါရိုက်တာများနှင့် အလုပ်အမှုဆောင်များအား ၎င်းတို့၏ ကုမ္ပဏီများ၌ ထိရောက်သော စီမံအုပ်ချုပ်ပုံ နည်းလမ်းများကို အကောင်အထည်ဖော်နိုင်စေရန်အတွက် စီမံချက်ရေးဆွဲချမှတ်ရာတွင် ကူညီပေးပါသည်။
IFC နည်းစနစ်ပေါ်အခြေခံ၍ စီစဉ်ပို့ချသော ဤလက်တွေ့သင်တန်းတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်းရှိ ဒါရိုက်တာများ၊ လုပ်ငန်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးပါသည်။ အတုံ့အလှယ်ဖြစ်ပြီး တက်ကြွမှုရှိသော ဆွေးနွေးခန်းများမှတစ်ဆင့် သင်တန်းပို့ချပြီး ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
| တက်ရောက်သင့်သည့်အကြောင်းရင်းများ
*တက်ရောက်သူများသည် ဤအစီအစဉ်ကိုတက်ရောက်ခြင်းဖြင့် Continuing Directorship Education (CDE) ခရက်ဒစ် 2 ခု ရရှိပါမည်။
| တက်ရောက်စေလိုသူများ
ဘုတ်အဖွဲ့ဝင်များ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ အကြီးတန်းစီမံအုပ်ချုပ်သူများနှင့် ဘုတ်အဖွဲ့ဝင်များနှင့် ဆက်နွှယ်မှုရှိပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ရှုပ်ထွေးသိမ်မွေ့မှုများကို နားလည်သဘောပေါက်လိုသည့် အတတ်ပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှ အကြီးတန်းမိတ်ဖက်များ။ (ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ် တစ်လျှောက်လုံး ပါဝင် တက်ရောက်ခဲ့သူများသည် ဤသင်တန်းကို အချုပ်သဘော ပြန်လည်သုံးသပ်သည့်အနေဖြင့် တက်ရောက်နိုင်သော်လည်း အချို့သော သင်ညွှန်းများသည် တူညီနေနိုင်ပါသည်။)
မှတ်ချက်- ဒါရိုက်တာများအတွက် ဒါရိုက်တာများအဆင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာသင်တန်းကို တက်ရောက်ပြီးနောက် DCP အပြည့်အစုံအား တက်ရောက်သူများသည် အပိုလျှော့စျေးများ ရရှိပါမည်။ ဤတက်ရောက်မှုသည် သင့်အား DCP ၏ဒါရိုက်တာများအဆင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာဘာသာရပ်များကို ကျော်သွားနိုင်စေမည် သို့မဟုတ် ၎င်းတို့အား ပြန်လည်ဆန်းသစ်သည့်အနေဖြင့် တက်ရောက်နိုင်မည်ဖြစ်သည်။
| အစီအစဉ်
| သင်တန်းတွင် အသုံးပြုမည့်ဘာသာစကား
မြန်မာနှင့်အင်္ဂလိပ်ဘာသာစကား
| သင်တန်းကြာချိန်
2-half Day Online Course
| သင်တန်းတည်နေရာ အွန်လိုင်း
| သင်တန်းကြေး
အဖွဲ့ဝင်မဟုတ်သူများအတွက် ကျပ် ၄၅၀၀၀၀ (အခွန်နှင့် ဘဏ်စရိတ်များ)
၂၀% လျှော့စျေး (ပရော်ဖက်ရှင်နယ် အသင်းဝင်များ)
၅၀% လျှော့စျေး (အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်များ)
၁၀% လျှော့စျေး (ကော်ပိုရိတ်အသင်းဝင်များ)
** မှတ်ချက်- ငွေပေးချေမှုအောင်မြင်ပြီးနောက် မိတ္တူပစ္စည်းများကို ပေးပို့ပါမည်။
| စာရင်းသွင်းခြင်း
trainingandevent@myanmaroid.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။
ဖုန်းနံပါတ် +၉၅ ၉ ၄၀၀ ၁၅၁ ၄၁၂၊ ၄၀၀ ၁၅၁ ၄၁၉၊ ၄၂၇ ၃၆၃ ၉၀၄
ကျေးဇူးပြု၍ သင်၏နေရာအား စာရင်းပေးသွင်းပါ။ နေရာအကန့်အသတ်ရှိပါသည်- ဦးစွာလာရောက်အပ်နှံပါ။
The Board/Company Secretary provides a key role in supporting the board. This 1.5 days course is intended for those who need to understand the breadth and scope of the role and responsibilities of both directors and those who support boards and in particular Company. This course will discuss the role of a company secretary and provide practical instruction in relation to fulfilling that role in the context of the Myanmar Companies Law 2017 (MCL) and the requirements of the Directorate of Investment and Company Administration (DICA), including looking at key company secretarial regulatory compliance requirements under the MCL. Participants will be provided with a range of example documents to assist them in managing their own company secretarial activities. By the end of the course you will understand:
|
| Who should attend this program:
It is also relevant to those professionals who are directly involved in board support and board information preparation and presentation to help them provide to their boards the best quality board support and to enable them to consider what practical steps they can take to deliver better quality board support.
| Program language:
Myanmar and English Language Program
| Program duration:
1.5 days In Person Course 25th – 26th February 2023 (8:30 am – 5:30 pm) Day 1
Day 2
|
| Program location:
Level 4, Eureka Room, Novotel Yangon Max
| Program fees:
MMK 700,000 for non-members (net of taxes and bank charges)
| Program delivery:
Detailed interactive classroom review of statutory reporting requirements by DICA per MCL using examples and templates.
| Registration:
FILL THE ONLINE REGISTRATION FORM
https://forms.office.com/r/FdGaJYuWZa
Please contact trainingandevent@myanmariod.com or the office of Myanmar Institute of Directors.
Phone Number: +95 9 400151412, 400151419
Agenda နှင့် Faculty’s Profile အား ဒေါင်းလုဒ်လုပ်ပါ
| စာရင်းစစ်ကော်မတီများသည် အဘယ်ကြောင့်အရေးကြီးသနည်း။
စာရင်းစစ်ကော်မတီသည် အရေးကြီးဆုံးဘုတ်အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ဘဏ္ဍာရေးအစီရင်ခံချက်သည် အချိန်မီ၊ ယုံကြည်စိတ်ချရပြီး လိုက်လျောညီထွေရှိစေရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး ၎င်း၏အတွင်းပိုင်းထိန်းချုပ်မှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစီအမံများသည် ထိရောက်မှုရှိပါသည်။ စီးပွားရေးလုပ်ငန်းများသည် အန္တရာယ်ကို ပိုမိုကောင်းမွန်စွာလျှော့ချနိုင်သည်၊ စီမံခန့်ခွဲမှုမှားယွင်းခြင်းမှကာကွယ်နိုင်ပြီး ကောင်းမွန်သောကော်ပိုရိတ်အုပ်ချုပ်မှုဖွဲ့စည်းပုံများရှိပါက အစုရှယ်ယာတန်ဖိုးကို အမြင့်ဆုံးမြှင့်တင်နိုင်ကြောင်း လေ့လာမှုအများအပြားက အတည်ပြုထားသည်။
မြန်မာနိုင်ငံတွင် 2017 ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုပြဌာန်းခဲ့သော ကုမ္ပဏီများအက်ဥပဒေသည် ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် စီမံခန့်ခွဲမှုတို့ကို ခေတ်မီစေရန်နှင့် နိုင်ငံ၏ ကော်ပိုရေးရှင်းများကြားတွင် ပိုမိုအားကောင်းသော ကြီးကြပ်ကွပ်ကဲမှုနှင့် ကော်ပိုရေးရှင်းဆိုင်ရာ အုပ်ချုပ်မှုပုံစံများကို တောင်းဆိုမည်ဖြစ်သည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ အလုံးစုံရင်းနှီးမြုပ်နှံမှုအခြေအနေအတွက် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့များ အထူးသဖြင့် စာရင်းစစ်ကော်မတီများ တက်ကြွစွာပါဝင်ဆောင်ရွက်ရန် လိုအပ်မည့်အရာများဖြစ်သည်။
| သင်တန်းအကြောင်း
MIoD ၏ ဒါရိုက်တာများအတွက် စာရင်းစစ်ကော်မတီဆိုင်ရာ သင်တန်းအစီအစဉ်သည် စာရင်းစစ်ကော်မတီဝင်များနှင့် အခြားသော ဒါရိုက်တာများ သို့မဟုတ် အလုပ်အမှုဆောင်များကို သတ်မှတ် ဘုတ်အဖွဲ့အဆင့် သင်တန်းပေးသည့် နှစ်ရက်တာသင်တန်း ဖြစ်ပါသည်။ IFC နည်းစနစ်များ အပေါ် အခြေခံ၍ စီစဉ်ဖွင့်လှစ်ထားသော ဤအစီအစဉ်သည် စာရင်းစစ်ကော်မတီ၏ လုပ်ငန်းတာဝန်များ ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်အောင် ကူညီပေးရန် ရည်ရွယ်ပါသည်။ ၎င်းသည် ကုမ္ပဏီအတွင်း ရှိ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာမူဘောင်တွင် ပါဝင်သည့် အရေးအကြီးဆုံး အစိတ်အပိုင်းများအနက်မှ တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာမှဒါရိုက်တာများနှင့် မြန်မာနိုင်ငံမှဒါရိုက်တာများ၊ လုပ်ငန်းပညာရှင်များနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးမည့် ACMP တွင် အတုံ့အလှယ်ဖြစ်ပြီး အင်တိုက်အားတိုက်ရှိသော ဆွေးနွေးခန်းများဖြင့် သင်တန်းပို့ချကာ ဆွေးနွေးမှုနှင့် ပါဝင်တက်ရောက်သူအချင်းချင်း နှီးနှောဖလှယ်မှုတို့ကို တိုက်တွန်းအားပေးရန်အတွက် သက်ဆိုင်ရာ ဖြစ်ရပ်လေ့လာချက်များအပေါ် အခြေခံထားပါသည်။ သင်တန်းတွင် အောက်ပါအကြောင်းအရာများပါဝင်သည်။
| သင်တန်းကို တက်ရောက်သင့်သူများ
(DCPအား ယခင်တက်ရောက်သူများသည် ၎င်းကို အကျဉ်းချုပ်အဆင့် ပြန်လည်သုံးသပ်မှုအဖြစ် တက်ရောက်နိုင်သော်လည်း အချို့သော အကြောင်းအရာများကို ထပ်ခါတလဲလဲ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။)
* တက်ရောက်သူများသည် Continuing Director Education (CDE) ခရက်ဒစ် 4 ခု ရရှိမည်ဖြစ်သည်။
| အဘယ်ကြောင့် တက်ရောက်သနည်း။
| သင်တန်းအချိန်စာရင်း
| အသုံးပြုမည့်ဘာသာစကား
သင်တန်းအား မြန်မာဘာသာဖြင့် ပို့ချပြီး အင်္ဂလိပ်ဘာသာ သင်ထောက်ကူများဖြင့်ပို့ချပါမည်။
| ကြာချိန်
2 full days In Person Course
| သင်တန်းတည်နေရာ
Meliá Yangon
| သင်တန်းကြေး
အဖွဲ့ဝင်မဟုတ်သူများအတွက် ကျပ် ၈၀၀,၀၀၀ (အခွန်နှင့် ဘဏ်ကောက်ခံမှုများ၏ အသားတင်)
20% လျှော့စျေး (Professional members)
50% လျှော့စျေး (Certified members)
10% လျှော့စျေး (Corporate Members)
| စာရင်းသွင်းခြင်း
အွန်လိုင်းမှတ်ပုံတင်ခြင်းလင့်ခ်: https://forms.office.com/r/wkp2ax0uDq
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နော်ကဆုံးထားပြီး စာရင်းသွင်းပေးပါရန်။
စာရင်းသွင်းရန် trainingandevent@myanmariod.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။
ဖုန်းနံပါတ် +၉၅ ၉ ၄၀၀၁၅၁၄၁၂၊ ၄၀၀၁၅၁၄၁၉