၂၀၂၁ ခုနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

September 23, 2021

MIoD ၏ ဒုတိယမြောက် နှစ်ပတ်လည်အစည်းအဝေး ၂၀၂၁ အား စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ် တွင် ကျင်းပခဲ့ပါသည်။ ဤနှစ်၏ AGM အစည်းအဝေးအား ကျွန်ုပ်တို့၏အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံမှု အကျိုးစီးပွားအတွက် COVID-19 လမ်းညွှန်ချက်များနှင့်အညီ အီလက်ထရောနစ်နည်းဖြင့် Zoom ၌ ကျင်းပခဲ့သည်။

အစည်းအဝေးအား AGM ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသော ဦးသူရကိုကို မှ ဦးဆောင်၍ MIoD ၏ အမှုဆောင်အရာရှိချုပ် ဒေါ်သီရိသန့်မွန် မှ အမှုဆောင်အရာရှိချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအား တင်ပြခဲ့ပြီး စာရင်းစစ်ချုပ်မှ စာရင်းရှင်းတမ်းအား ပြန်လည်သုံးသပ်ခဲ့ပါသည်။ MIoD အဖွဲ့ဝင်များမှ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် Proxy Form ဖြင့်  မဲပေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၆ ခုတွင် ဒါရိုက်တာအသစ်များ ခန့်အပ်ခြင်း၊ စာရင်းစစ်ချုပ် အား နောက်နှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမတိုင်မီအထိ ပြန်လည်ခန့်အပ်ခြင်း နှင့် ဘုတ်အဖွဲ့ဝင်များအတွက် သက်တမ်းကန့်သတ်ချက်အသစ်များအား မိတ်ဆက်ရန်နှင့် အကြံပေးကောင်စီအသစ်တစ်ခု ဖွဲ့စည်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား မွန်းမံခြင်းတို့ဖြစ်၍ ဆုံးဖြတ်ချက်များအားလုံးကို အတည်ပြုခဲ့သည်။

ပြန်လည်ရွေးကောက်တင်မြှောက်ခံရသော ဘုတ်အဖွဲ့ဝင်များဖြစ်သည့် မစ္စ Victoria Bowman ၊ မစ္စတာ Melvyn Pun၊ ဒေါ်ဝင်းဝင်းတင့်၊ ဦးသူရကိုကို နှင့် ဦးအောင်ဇော်နိုင် တို့အား ဂုဏ်ပြုကြိုဆိုပါသည်။ လစ်လပ်နေရာ ၅ နေရာအတွက် အဖွဲ့ဝင် ၇ ဦးသည် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်း၍ မဲပေးခြင်းလုပ်ငန်းစဉ်တွင် အဖွဲ့ဝင် ၈၁ ဦး ပါ၀င်ခဲ့သည်။ 

MIoD ၏ ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုတို့သည် MIoD ၏လုပ်ဆောင်ချက်များအား စွမ်းဆောင်နိုင်ရန် အရေးပါခဲ့သော ကျွန်ုပ်တို့၏ အတိတ်နှင့်လက်ရှိ ထောက်ခံသူများ၊ ရန်ပုံငွေထောက်ပံ့သူများ၊ သင်တန်းဆရာများအားလုံးကို ရိုးသားစွာ ကျေးဇူးတင်ပါသည်။ MIoD သို့ သင်၏ဆက်လက်ရှိနေခြင်းနှင့် ပံ့ပိုးကူညီမှုကို ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့နှင့် အသင်းဝင်များမှ အလွန်တန်ဖိုးထားပါသည်။ သင်နှင့် သင့်ကုမ္ပဏီအား သင်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် လမ်းညွှန်မှုခရီးနှင့်အတူ ကူညီခြင်းနှင့် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဘုတ်များ တည်ဆောက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တည်ဆောက်ရန်တို့ကို ရှေ့ဆက်ရန် အတူတကွပူးပေါင်းလုပ်ဆောင်ရန်စောင့်မျှော်နေပါသည်။ 

ကျေးဇူးပြု၍ သက်ဆိုင်ရာစာရွက်စာတမ်းများကိုဤတွင်ရှာဖွေပါ။ 

၂၀၂၀ နှစ်ပတ်လည်အစီရင်ခံစာ 

ဒါရိုက်တာဘုတ်အဖွဲ့အသစ်များ