Learning Series: Board/Company Secretary Program Batch 8

January 17, 2026 - January 18, 2026

𝗕𝗼𝗮𝗿𝗱/𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗦𝗲𝗰𝗿𝗲𝘁𝗮𝗿𝘆 𝗣𝗿𝗼𝗴𝗿𝗮𝗺 Batch 8 ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယခု Program တွင် ပါဝင်ပို့ချပေးခဲ့ကြသည့် Faculty Members နှင့် Invited Speakers များဖြစ်သော Daw Khine Khine Nwe, Daw Min Min Ayer Naing, U Myo Min, Daw Khine Wai Thwe နှင့် Daw Nandar Thaung တို့အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏

🎊 Board/Company Secretary Program ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည့် တက်ရောက်သူများအားလုံးကို ဂုဏ်ပြုဝမ်းမြောက်ပါသည်။ 🎊

Program အတွင်း Company Secretary/Governance Professional တစ်ဦး၏ အဓိကတာဝန်များ၊ မြန်မာနိုင်ငံရှိ ကုမ္ပဏီအမျိုးအစားအလိုက် Statutory Compliance နှင့် သက်ဆိုင်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ၊ External Reporting နှင့် Meeting Management တို့အပြင် Meeting အမျိုးအစားများ၊ Conflict of Interest၊ Meeting Minutes နှင့် သတ်မှတ်အချိန်ကာလများကို လေ့လာခဲ့ကြပါသည်။

ထို့အပြင် Director Duties နှင့် Basic Corporate Governance ဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအဆင့် Corporate Governance Codes နှင့် ကျင့်သုံးပုံနည်းလမ်းများကိုလည်း လေ့လာဆွေးနွေးခဲ့ကြပါသည်။

Program မှ ရရှိခဲ့သည့် အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ကြမည်ဟု မျှော်လင့်ပါသည်။