Online Panel Discussion: Navigating Policy & Regulatory Landscape – A Corporate Readiness Perspective

May 28, 2026

𝗡𝗮𝘃𝗶𝗴𝗮𝘁𝗶𝗻𝗴 𝗣𝗼𝗹𝗶𝗰𝘆 & 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗼𝗿𝘆 𝗟𝗮𝗻𝗱𝘀𝗰𝗮𝗽𝗲: 𝗔 𝗖𝗼𝗿𝗽𝗼𝗿𝗮𝘁𝗲 𝗥𝗲𝗮𝗱𝗶𝗻𝗲𝘀𝘀 𝗣𝗲𝗿𝘀𝗽𝗲𝗰𝘁𝗶𝘃𝗲” ခေါင်းစဉ်ဖြင့်  Panel Discussion အား ၂၀၂၆ ခုနှစ်၊ မေ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး Governance၊ Policy နှင့် Legal ပညာရှင်များကို စုစည်းကာ အဖွဲ့အစည်းများအနေဖြင့် ပြောင်းလဲလာသော ပတ်ဝန်းကျင်များအတွင်း readiness နှင့် resilience ကို မည်သို့တိုးမြှင့်နိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။

အဓိကအကြောင်းအရာများကို အခြေခံထားသော Session သုံးခုအတွင်း Panelists များက stakeholder engagement၊ regulatory risk assessment၊ corporate readiness tools၊ ESG နှင့် အနာဂတ်ကို ဦးတည်သော business practices များအပေါ် လက်တွေ့အသုံးချနိုင်သော အမြင်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြပါသည်။

ကျွန်ုပ်တို့၏ ထူးချွန်သော Panelists နှင့် Moderator ဖြစ်ကြသော Daw Khine Wai Thwe၊ U Thet Zaw Htwe နှင့် Daw Khin Soe Htaik တို့အားလည်းကောင်း၊ တက်ရောက်ပါဝင်၍ စိတ်ဝင်စားဖွယ်ကောင်းပြီး အကျိုးရှိသော ဆွေးနွေးပွဲကို အတူတကွဖန်တီးပေးခဲ့ကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။