Leadership Series: Human Leadership in the Digital World

About the Leadership Series

MIoD Leadership Series သည် ဒါရိုက်တာများနှင့် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စိန်ခေါ်မှုများနှင့် ခေတ်ရေစီးကြောင်းများကို အမြဲမပြတ် သိရှိနားလည်နိုင်ရန်၊ အတွေးအမြင်သစ်များနှင့် ဗဟုသုတများ ရရှိနိုင်ရန်၊ ထိရောက်သော ခေါင်းဆောင်များအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို အားပေးမြှင့်တင်ပေးရန် ရည်ရွယ်၍ ဖော်ဆောင်ထားသော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

ယခု Leadership Series ၏ (၁၇) ကြိမ်မြောက်အစီအစဉ် ကို လူသိများပြီး လေးစားအသိအမှတ်ပြုခံရသော ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် မှ “Human Leadership in the Digital World” ခေါင်းစဉ်ဖြင့် မျှဝေပေးမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

 

About the Webinar

နည်းပညာတိုးတက်ပြောင်းလဲမှုနှင့် AI ၏ အခန်းကဏ္ဍ မြင့်တက်လာသည်နှင့်အမျှ ယနေ့ခေတ်ခေါင်းဆောင်များအနေဖြင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များကို ဟန်ချက်ညီညီ ပေါင်းစပ်အသုံးချနိုင်ရန် လိုအပ်ပါသည်။ လူများကို စိတ်ဓာတ်တက်ကြွစေရန်နှင့် မိမိတို့၏ စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်စေရန် အားပေးမြှင့်တင်ပေးနိုင်ရမည်ဖြစ်ပါသည်။ ထို့အပြင် လူသားချင်းဆက်နွယ်မှု၊ ဝန်ထမ်းများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ကျန်းမာမှု (Well-being) နှင့် လုပ်ငန်း၏ ရည်ရွယ်ချက် (Purpose) တို့ကို ဦးစားပေးရမည်ဖြစ်ပါသည်။

ခေါင်းဆောင်များအနေဖြင့် နည်းပညာကို နားလည်သဘောပေါက်ရုံသာမက ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်း နှင့် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (Emotional Intelligence – EQ) မြင့်မားမှု တို့ကိုလည်း ပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။ ထို့အပြင် စမ်းသပ်လေ့လာမှုကို အားပေးသည့် ယဉ်ကျေးမှု၊ အချက်အလက်အပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချသည့် ယဉ်ကျေးမှုနှင့် လူတိုင်းပါဝင်ပူးပေါင်းနိုင်သည့် ပူးပေါင်းဆောင်ရွက်မှု တို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပါသည်။

 

Speaker’s Profile

Prof. Dr. Aung Tun Thet

Professor Dr. Aung Tun Thet is a Founding Patron of the Myanmar Institute of Directors and an Advisor to the Republic of the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI).

He is Professor Emeritus at Yangon University of Economics, a Visiting Professor at Payap University in Chiangmai, Thailand as well as an Honorary Professor at the University of British Columbia in Vancouver, Canada. He is a Former Principal Officer, UN Systems Staff College in Turin, Italy.

Professor Dr. Aung Tun Thet holds a number of degrees including B.Com. (YGN); Post Graduate Diploma in Management Studies (Brighton, UK): M.Sc. (Warwick, UK); Ph.D. (UMIST, UK); Post-doctoral Fellow (Germany).

 

Registration

Free registration

Online Registration Link: https://forms.cloud.microsoft/r/X5pCeBZNKf