Learning Series: Building Great Businesses that Last Program Batch 1

May 9, 2026

၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် “Building Great Businesses That Last” Program Batch 1 ကို Inya Lake Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Founder များ၊ Business Owner များနှင့် Next-Generation Leader များအတွက် ရည်ရွယ်ပြုလုပ်ထားသည့် တစ်ရက်တာ Program ဖြစ်ပြီး လုပ်ငန်းများကို ရေရှည်တည်တံ့စွာ တိုးတက်ချဲ့ထွင်နိုင်ရန် Stronger Governance၊ Financial Discipline၊ Organisational Capability၊ Competitiveness နှင့် Continuity တို့အပေါ် အဓိကထား ဆွေးနွေးလေ့လာခဲ့ကြပါသည်။

Practical Case Studies များ၊ Interactive Discussions များနှင့် Action Planning Sessions များမှတစ်ဆင့် ရေရှည်တည်တံ့သည့် လုပ်ငန်းများအတွက် အရေးကြီးသည့် 4Cs Framework ဖြစ်သော Capital၊ Capability၊ Competitiveness နှင့် Continuity တို့ကို Governance ကို အခြေခံ၍ လေ့လာဆွေးနွေးခဲ့ကြပါသည်။

Program တစ်လျှောက် တန်ဖိုးရှိသည့် အတွေ့အကြုံများနှင့် အကြံပြုချက်များကို မျှဝေပေးခဲ့ကြသည့် Faculty Members များဖြစ်သော Daw Khine Wai Thwe၊ Dr. Aye Aye Mar နှင့် Daw Nandar Thaung တို့အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏

🎊 Batch 1 တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မာသည့် အဖွဲ့အစည်းများ တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည့် Participants များအားလုံးကို ဂုဏ်ပြုဝမ်းမြောက်ပါသည်။ 🎊