Online Panel Discussion, The Culture We Create: Leadership, Behaviour and the Changing Workplace

October 22, 2026 - October 22, 2026

ကျွန်ုပ်တို့၏ Online Panel Discussion ဖြစ်သော “The Culture We Create: Leadership, Behaviour and the Changing Workplace” ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးနေ့တွင် Zoom မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၇၅ ဦးခန့် ပါဝင်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ခေါင်းဆောင်များ၏ အပြုအမူများက လုပ်ငန်းခွင်ယဉ်ကျေးမှုအပေါ် မည်သို့သက်ရောက်မှုရှိသည်၊ လုပ်ငန်းခွင်အတွင်း အဆိပ်အတောက်ဖြစ်စေသော ယဉ်ကျေးမှု၏ အစောပိုင်းလက္ခဏာများနှင့် AI နည်းပညာတိုးတက်လာမှု၊ မျိုးဆက်အလိုက် ကွဲပြားမှုများက အလုပ်လုပ်ပုံနှင့် သင်ယူပုံတို့ကို မည်သို့ပြောင်းလဲစေလျက်ရှိသည်ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တန်ဖိုးရှိသော အတွေ့အကြုံများနှင့် အမြင်များကို မျှဝေပေးခဲ့ကြသည့် ဆွေးနွေးသူများဖြစ်သော U Zaw Moe Thant (Group CEO, ACE Data Systems Ltd)၊ U Tun Tun Linn (Country Managing Director, True Money Myanmar) နှင့် Daw Kim Chawsu (Board Member, Myanmar Institute of Directors) တို့အား ကျေးဇူးအထူးတင်ရှိပါသည်။ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ပြီး အားဖြည့်ပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။