ဌာနတွင်းစာရင်းစစ်ခြင်းဆိုင်ရာ အဆင့်မြင့်သင်တန်း အစီအစဉ်

 

|| ဌာနတွင်း စာရင်းစစ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးမှုအန္တရာယ်ကို လျော့ပါးသက်သာစေပြီး စီမံခန့်ခွဲမှုအမှားများ မဖြစ်အောင် ကာကွယ်ပေးခြင်း ||


   

 

| သင်တန်းအကြောင်း

MIoD ၏ ဌာနတွင်းစာရင်းစစ်ခြင်းဆိုင်ရာ အဆင့်မြင့်သင်တန်းအစီအစဉ် (IAMP) သည် ဌာနတွင်း စာရင်းစစ်မှုဆိုင်ရာ နည်းစနစ်များနှင့် အကောင်းဆုံးသော စီမံဆောင်ရွက်ချက်များ၏ အခြေခံကျသော အချက်များကို ထဲထဲဝင်ဝင်သိရှိစေရန် ပံ့ပိုးပေးပါသည်။ ဤအစီအစဉ်သည် ဌာနတွင်း စာရင်းစစ်များကို ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် ကုမ္ပဏီများ၌ ထိရောက်သော ဌာနတွင်း စာရင်းစစ်မှုဆိုင်ရာ စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကူညီပေးရန် ရည်ရွယ်ပါသည်။ လွတ်လပ်၍ ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နေသည့် ဌာနတွင်း စာရင်းစစ်ဌာနသည် ဆုံးရှုံးမှုအန္တရာယ်ကို လျော့ပါးသက်သာစေပြီး စီမံခန့်ခွဲမှုအမှားများမဖြစ်အောင် ကာကွယ်ပေးရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ပြင် ၎င်းသည် စာရင်းစစ်ကော်မတီကိုလည်း ကုမ္ပဏီ၏ ထိန်းချုပ်မှုဝန်းကျင်နှင့်စပ်လျဉ်း၍ အချိန်မီ၊ တိကျ၍ ပြည့်စုံသော တုံ့ပြန်အကြံပြုချက်များကို လက်ခံ ရရှိစေပါသည်။

 

| သင်တန်းတွင် အောက်ပါအကြောင်းအရာများ ပါဝင်သည်။

  • စာရင်းစစ်ခြင်းဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ်ဆန်းစစ်ခြင်းနှင့် နှစ်ပတ်လည်အစီအစဉ်ရေးဆွဲခြင်း
  • ဆုံးရှုံးမှုအန္တရာယ်ဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် စာရင်းစစ်ခြင်း
  • စာရင်းစစ်ခြင်းကို အစီရင်ခံတင်ပြခြင်း
  • စာရင်းစစ်ခြင်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲဆောင်ရွက်ခြင်း
  • အရည်အသွေးပြည့်မီသော စာရင်းစစ်ခြင်းဆိုင်ရာ စွမ်းဆောင်ချက်နှင့် ပြင်ပ အရည်အသွေး ဆန်းစစ်ချက်တို့ ပြုလုပ်ရန် တိုက်တွန်းဆောင်ရွက်ခြင်း

ဤသင်တန်းတွင် သတ်မှတ်အရေးကိစ္စများအတွက် လက်တွေ့အသုံးချမှုများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ပိုမိုချောမွေ့စေရန်အလို့ငှာ လူဦးရေအနည်းငယ်သာ ပါဝင်တက်ရောက်နိုင်ရန် ကန့်သတ်ထားပါသည်။ အဓိကသင်ခန်းစာများတွင် လမ်းညွှန်မှုပေး၍ လုပ်ငန်းစီမံချက် ရေးဆွဲစေခြင်းနှင့် ဆွေးနွေးမှုကို တိုက်တွန်းအားပေးပြီး ပါဝင်တက်ရောက်သူအချင်းချင်း နှီးနှောဖလှယ်နိုင်သည့် အခွင့်အလမ်းများကို များနိုင်သမျှများစေရန် စီစဉ်ရေးဆွဲထားသည့် ထဲထဲဝင်ဝင် ဆင်ခြင်သုံးသပ်ရမည့် ဖြစ်ရပ်လေ့လာချက်များ ပါဝင်ပါသည်။ ပါဝင်တက်ရောက်သူများအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် အံဝင်ခွင်ကျဖြစ်အောင် စီမံထားသည့် တိုးတက်ကောင်းမွန်စေရေး စီမံချက်ကို သင်ယူတတ်မြောက်ကာ သင်တန်းဆင်းနိုင်လိမ့်မည် ဖြစ်ပါသည်။

 

| တက်ရောက်စေလိုသူများ

  • ဘုတ်အဖွဲ့ဒါရိုက်တာများ
  • အကြီးတန်းအလုပ်အမှုဆောင်များ

 

| သင်တန်းတွင် အသုံးပြုမည့်ဘာသာစကား    

ပြည်တွင်းပြည်ပမှ ဆရာများက အင်္ဂလိပ်ဘာသာစကားနှင့် မြန်မာဘာသာစကားတို့ကိုအသုံးပြု၍ ဤအစီအစဉ်ကို သင်ကြားပို့ချပါသည်။

 

| သင်တန်းကြာချိန်

နှစ်ရက်တာ သင်တန်း (နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ)

 

| သင်တန်းပို့ချပုံ

ပညာရပ်နယ်ပယ်မှ ထိပ်တန်းပညာရှင်များနှင့် စီနီယာလုပ်ငန်းရှင်များ သင်ကြားသော အတန်းလိုက် အတုံ့အလှယ်ဆွေးနွေးနိုင်သည့် ပို့ချချက်များ

 

| သင်တန်းကြေး

MIoD အဖွဲ့ဝင် – ၉၀၀ USD (အခွန်နှင့် ဘဏ်မှကောက်ခံသော အခကြေးငွေများ မပါဝင်ပါ။)

MIoD အဖွဲ့ဝင်မဟုတ်သောသူ – ၁,၀၀၀ USD (အခွန်နှင့် ဘဏ်မှကောက်ခံသော အခကြေးငွေများ မပါဝင်ပါ။)

 

| စာရင်းသွင်းခြင်း

rsvp@myanmariod.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။

ဖုန်းနံပါတ် +၉၅ ၉ ၄၀၀၁၅၁၄၁၂၊ ၄၀၀၁၅၁၄၁၉