ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုကို စတင်ပျိုးထောင်ခြင်း – မြန်မာဒါရိုက်တာများအင်စတီကျူ

ကုမ္ပဏီများ၏ စီမံအုပ်ချုပ်မှု၊ ဘုတ်အဖွဲ့ကျွမ်းကျင်ပိုင်နိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို မြှင့်တင်ပေးခြင်း

Pioneering Better Governance Image

မြန်မာဒါရိုက်တာများအင်စတီကျူ (MIoD) သည် မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများ နှင့် အကောင်းမွန်ဆုံးအလေ့အထများကို အားပေးမြှင့်တင်ပေးသည့် ပထမဆုံးသော အမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ပါသည်။ MIoDအနေဖြင့် ဘုတ်အဖွဲ့ကျွမ်းကျင်ပိုင်နိုင်မှုကို အဆင့်မြှင်တင်ရန်၊ ကုန်သွယ်စီးပွားရေး ဆိုင်ရာ ကျင့်ဝတ်များနှင့် ပွင့်လင်းမြင်သာမှုတို့ကို မြှင့်တင်ရန်၊ ကော်ပိုရိတ် ခေါင်းဆောင်များနှင့် အကျိုးသက် ဆိုင်သူများအကြားတွင် ကွန်ရက်များ ချိတ်ဆက်ပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍအပေါ် ယုံကြည်မှု တိုးပွားစေရန် ရည်ရွယ်ပါသည်။ MIoD အား မြန်မာနိုင်ငံအတွက် အခြေခံကော်ပိုရိတ်အုပ်ချုပ်မှု အင်စတီကျူအဖြစ် တည်ထောင်ရန် ကြိုးပမ်းခဲ့ကြသော အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေးမ ိတ်ဖက်များ၏ ယုံကြည်ချက်နှင့် နှစ်မြှုပ်ဆောင်ရွက်မှုတို့ဖြင့် နှစ်ပေါင်းများစွာအကြာတွင် ပဏာမ လုပ်ငန်းကို စတင်ဖော်ဆောင်နိုင်ခဲ့သည်။ 

MIoD တည်ထောင်ဖွင့်လှစ်ခြင်းအခန်းအနားအား ၂၀၁၈ ခုနှစ်၊ မတ်လ၌ အထိန်းအကွပ်အဖွဲ့အစည်း၊ အစိုးရအရာရှိများ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် အခြားဧည့်သည်တော်ကြီးများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။ MIoD ဘုတ်အဖွဲ့ဝင်များက ဖွင့်ပွဲတွင် ကုမ္ပဏီဒါရိုက်တာများ၏ တိုးတက်မှုကို အကူအညီပေးခြင်းနှင့် ဘုတ်အဖွဲ့များ၏ ထိရောက်မှုကို မြှင့်တင်ပေးခြင်းလုပ်ငန်း တို့အတွက် ကနဦးအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်ဟူသော အင်စတီကျူ၏ ရည်မှန်းချက်ကို အလေးပေးဖော်ပြခဲ့သည်။

MIoD ဘုတ်အဖွဲ့ဝင်များက အရေးအကြီးဆုံးသောလုပ်ငန်းဆောင်တာများအနက် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကို ရှင်းလင်းစွာ ဖော်ပြထားသည့် ဘဏ္ဍာရေးအစီရင်ခံစာများ ထုတ်ပြန်ရန်နှင့် အဖွဲ့အစည်းအတွင်း စနစ်ကျသော ထိန်းချုပ်မှုများ ထားရှိရန်လိုအပ်ကြောင်းနှင့် လက်ရှိတွင် ဘုတ်အဖွဲ့ဝင်များ၊ စာရင်းစစ်များ၊ ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် သင့်လျော်သော ပွင့်လင်းမြင်သာမှုနှင့် ဖော်ထုတ်ပြောဆိုမှု လိုအပ်ချက်များ၊ ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းများသည် ကိုက်ညီမှုမရှိသည်များကို မကြာခဏ ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကွက်များအတွက် ထိန်းညှိခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ မူဘောင်ကို မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်နေသည့်အတွက် ပွင့်လင်းမြင်သာမှုသည် သိသိသာသာ အရေးပါလာခဲ့သည်။

မြန်မာကုမ္ပဏီများ ကြီးထွားလာသည်နှင့်တစ်ပြိုင်နက်တည်း ဘုတ်အဖွဲ့၏ အခန်းကဏ္ဍသည် ပိုမို၍ အရေးပါလာပြီး ဒါရိုက်တာများသည် ဘဏ္ဍာရေးအထောက်အပံ့ရှာဖွေခြင်း၊ ဈေးကွက်သစ်များသို့ ဝင်ရောက်ခြင်းနှင့် စီးပွားရေးတိုးတက်မှုကို အကျိုးပြုတည်တံ့စေခြင်းတို့နှင့် စပ်လျဉ်း၍ များပြားလာ သော ခက်ခဲသည့် ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်လာကြရသည်။ ဘုတ်အဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်းများကို ကြီးကြပ်ရုံမျှသာမက ၎င်း၏ နည်းဗျူဟာကိုလည်း ဖော်ဆောင်ရပါသည်။ ထိုသို့လုပ် ဆောင်ရာတွင် ဒါရိုက်တာများအင်စတီကျူသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ MIoD အနေဖြင့် ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို မြှင့်တင်ပေးရန် ဒါရိုက် တာများအတွက် လိုအပ်သောသင်တန်း၊ နည်းကိရိယာများကို ထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။

MIoD ကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၊ ဩစတြေးလျနိုင်ငံနှင့် ယူကေနိုင်ငံ အစိုးရအဖွဲ့တို့၏ ထောက်ခံမှုဖြင့် တည်ထောင်ခဲ့ပါသည်။ အင်စတီကျူကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(SECM)တို့မှ အကြီးတန်းကိုယ်စားလှယ်များ၊ အရေးပါသော ကုမ္ပဏီ စီအီးအိုများနှင့် ဈေးကွက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများကို ကိုယ်စားပြုသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အကြံပေးကောင်စီတစ်ခုနှင့်အတူ ဒါရိုက်တာ(၁၄)ဦး ပါဝင်သော ဘုတ်အဖွဲ့က အုပ်ချုပ်သည်။

MIoD သည် သက်ဆိုင်ရာဈေးကွက်များအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာ ရှေ့ပြေးဦးဆောင်သူနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများအဖြစ် ကမ္ဘာတစ်ဝှမ်းရှိ အလားတူ ဒါရိုက်တာအင်စတီကျူ (၁၂၀) ပါဝင်သော ကွန်ရက်တွင် ပါဝင်ထားပါသည်။