အကြံပေးကောင်စီ

အကြံပေးကောင်စီအား DICA ၊ SECM ၊ UMFCCI တို့မှ အဆိုပြုထားသော အကြီးအကဲအဖွဲ့ဝင်များ၊ အင်စတီကျုမှ နာယကများနှင့် ဘုတ်အဖွဲ့မှ အကြံပေးကောင်စီဝင်အဖြစ် ဖိတ်ကြားထားသော အခြားမည်သည့်ပုဂ္ဂိုလ်မဆိုဖြင့် ဖွဲ့စည်းပါဝင်သည်။ အကြံပေးကောင်စီသည် ဘုတ်အဖွဲ့အား အင်စတီကျု၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ပေးခြင်း၊ အများပြည်သူ့ကဏ္ဍတွင် ကော်ပိုရိတ်အုပ်ချုပ်ရေးကို မြှင့်တင်ခြင်းနှင့် ပတ်သက်၍ အကြံပေးခြင်းနှင့် ဦးဆောင်ခြင်းများအား ပံ့ပိုးပေးသည်။