အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု – သင်ကြားမှုအကြောင်းအရာစဉ်များ

ကျွန်ုပ်တို့သည် ဒါရိုက်တာများနှင့် အကြီးတန်းအလုပ်အမှုဆောင်များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ဘုတ်အဖွဲ့အဆင့်သင်တန်းများ ဖွင့်လှစ်ပေးပါသည်။ ကျွန်ုပ်တို့၏ အဓိကသင်တန်းများတွင် အောက်ပါတို့ပါဝင်ပါသည်။

  • ဒါရိုက်တာအသိအမှတ်ပြုသင်တန်းအစီအစဉ် (DCP)
  • ဒါရိုက်တာအသိအမှတ်ပြုသင်တန်းအစီအစဉ် ဘဏ်လုပ်ငန်း (DCP Banking)
  • ဒါရိုက်တာများအဆင့် စီမံအုပ်ချုပ်မှု
  • ဒါရိုက်တာများအဆင့် ဘဏ္ဍာရေး
  • ဒါရိုက်တာများအဆင့် စာရင်းစစ်ခြင်း
  • ဒါရိုက်တာများအဆင့် နည်းဗျူဟာ
  • ဒါရိုက်တာများအဆင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း
  • ဘုတ်အဖွဲ့အတွင်းရေးမှူး သင်တန်းအစီအစဉ်
  • မိသားစုကော်ပိုရိတ်စီမံအုပ်ချုပ်မှု

MIoD Course Outlines [English] [Myanmar]

 

ထိရောက်မှုရှိပြီး ပြီးပြည့်စုံသော ဘုတ်အဖွဲ့အတွင်းရေးမှူးသည် ဘုတ်အဖွဲ့နှင့် ဥက္ကဋ္ဌများကို ပံ့ပိုးပေး ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤသင်တန်းကို ဘုတ်အဖွဲ့နှင့် ဒါရိုက်တာများ၏ အခန်းကဏ္ဍနှင့် အထူးသဖြင့် ဘုတ်အဖွဲ့အတွင်းရေးမှုး အခန်းကဏ္ဍ၏ ကျယ်ပြန့်မှုနှင့် နယ်ပယ် အတိုင်းအတာတို့ကို နည်းလည်သဘောပေါက်ရန် လိုအပ်သူများ တက်ရောက်စေရန် ရည်ရွယ် ပါသည်။

ထို့အပြင် ဘုတ်အဖွဲ့ထံသို့ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ဘုတ်အဖွဲ့ကော်မတီဝင်များကို ကူညီပေးခြင်း သို့မဟုတ် ဘုတ်အဖွဲ့ထံသို့ တင်ပြရခြင်းတို့တွင် တိုက်ရိုက်ပါဝင်သည့် ပညာရှင်များ နှင့်လည်း သက်ဆိုင်ပါသည်။ ဘုတ်အဖွဲ့ထံသို့ အကောင်းဆုံးအရည်အသွေးရှိသည့် သတင်းအချက် အလက်များ ပံ့ပိုးပေးရန်နှင့် ဘုတ်အဖွဲ့အတွက် ပိုမိုကောင်းမွန်သော အကူအညီကို ပေးစွမ်းနိုင်ရန် လက်တွေ့အဆင့်များကို ထည့်သွင်းစဉ်းစားရန်တို့အတွက် အသုံးဝင်ပါမည်။

ဒါရိုက်တာအသိအမှတ်ပြုသင်တန်းအစီအစဉ် (DCP) သည် MIoD ၏ အဓိက သင်တန်း အစီအစဉ် ဖြစ်ပါသည်။ DCP က ဒါရိုက်တာများအနေဖြင့် ထိရောက်မှုရှိသော ဘုတ်အဖွဲ့များကို စီမံခန့်ခွဲရန်နှင့် အရည်အချင်းပြည့်ဝသော ဒါရိုက်တာများအဖြစ် တာဝန်များထမ်းဆောင် နိုင်ရန်တို့အတွက် လိုအပ်သော အဓိကစွမ်းရည်နှင့် အသိပညာများကို ပေးစွမ်းရန် ရည်ရွယ်ပါသည်။ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုသဘောတရားများ၏ အခြေခံအချက်များ၊ ကော်ပိုရိတ်ဘဏ္ဍာရေး၏ အခြေခံအချက် အလက်များ၊ ဌာနတွင်းထိန်းချုပ်မှု၊ ကော်ပိုရိတ်နည်းဗျူဟာ၊  ဆုံးရှုံးမှု ရှိဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း၊ ဥပဒေရေးရာနှင့် လိုက်နာစောင့်ထိန်းရေး တာဝန်ဝတ္တရားများစသည်တို့နှင့် စပ်လျဉ်းသော သင်ခန်းစာ များကို ထည့်သွင်းထားပြီး မကြာသေးမီက ဖြစ်ရပ်လေ့လာချက်များ၊ အပြန်အလှန်ဆွေးနွေးပွဲများနှင့် ဧည့်သည် ဟောပြောသူများလည်း ပါဝင်ပါသည်။

ဤအစီအစဉ်တွင် ဒါရိုက်တာများသည် ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သော ဥပဒေကြပ်မတ်ရေးဆိုင်ရာ သတ်မှတ်ချက်များအပါအဝင် ၎င်းတို့၏ တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (MCL) ကို ပြန်လည်သုံးသပ် ပါသည်။ ပါဝင်တက်ရောက်သူများအနေဖြင့် အာရှတိုက်ရှိ အထင်ကရမိသားစုများ၏ ဖြစ်ရပ်လေ့လာ ချက်များကို ပြန်လည်သုံးသပ်ခြင်းဖြင့် မိသားစုတွင်းစီမံအုပ်ချုပ်မှု၊ အထူးသဖြင့် ဆက်ခံမှုအစီအစဉ် ရေးဆွဲခြင်းကိုလည်း လေ့လာကြရမည်ဖြစ်ပါသည်။

DCP သင်တန်းအစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံးသူများသည် အသိအမှတ်ပြု ဒါရိုက်တာအဆင့်ဖြင့် MIoD တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး MIoD ဒါရိုက်တာများစာရင်းတွင် ပါဝင်ခွင့်ရရန် ရွေးချယ်နိုင်ပါမည်။

ဤသင်တန်းသည် ဗဟုသုတတိုးပွားလိုသူ၊ သူတို့၏ ဝတ္တရားများနှင့် အဖွဲ့အစည်း၏ ဘဏ္ဍာရေး လုပ်ဆောင်ချက်များအကြောင်း နားလည်သဘောပေါက်လိုသူ ဒါရိုက်တာသစ်များ၊ ရည်မှန်းချက် ကြီးမားသော ဒါရိုက်တာများ၊ အကြီးတန်းအလုပ်အမှုဆောင်များနှင့် မန်နေဂျာများအတွက် ရည်ရွယ် ပါသည်။

အဓိကဘဏ္ဍာရေးရှင်းတမ်းသုံးမျိုးဖြစ်သည့် လက်ကျန်ရှင်းတမ်း၊ ဝင်ငွေရှင်းတမ်း (အမြတ်နှင့် အရှုံး)နှင့် ဝင်ငွေစီးဆင်းမှု ရှင်းတမ်းတို့ကို ပိုမိုနားလည်သဘောပေါက်၍ သုံးသပ်နိုင်ပြီး ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများနှင့် အခွင့်အရေးများကို ဖော်ထုတ်သိရှိနိုင်သည့် စွမ်းရည်များ ရှိထား ခြင်းဖြင့် သင့်အဖွဲ့အစည်း၏ ဘဏ္ဍာရေးစွမ်းဆောင်ချက်ကို ကာကွယ်ပေးပြီး အကောင်းဆုံးအသုံးချ နိုင်ပါသည်။

ဤသင်တန်းတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အခြေခံမူများ၊ ဘုတ်အဖွဲ့၏ အဓိကအလုပ်တာဝန်၊ ဒါရိုက်တာတစ်ဦး၏ အခန်းကဏ္ဍ၊ ဘုတ်အဖွဲ့၏ အတွင်းအပြင်ဆက်ဆံရေးများကို အလေးပေးထား သည်။ ဒါရိုက်တာများသည် ဘုတ်အဖွဲ့၏ အခန်းကဏ္ဍ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အလုပ်တာဝန်များ၊ ဘုတ်အဖွဲ့ဝင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်မှုတို့ကို မြှင့်တင် ကြရပါမည်။

ထိရောက်မှုရှိပြီး ပြီးပြည့်စုံသော ဘုတ်အဖွဲ့အတွင်းရေးမှူးသည် ဘုတ်အဖွဲ့နှင့် ဥက္ကဋ္ဌများကို ပံ့ပိုးပေး ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤသင်တန်းကို ဘုတ်အဖွဲ့နှင့် ဒါရိုက်တာများ၏ အခန်းကဏ္ဍနှင့် အထူးသဖြင့် ဘုတ်အဖွဲ့အတွင်းရေးမှုး အခန်းကဏ္ဍ၏ ကျယ်ပြန့်မှုနှင့် နယ်ပယ် အတိုင်းအတာတို့ကို နည်းလည်သဘောပေါက်ရန် လိုအပ်သူများ တက်ရောက်စေရန် ရည်ရွယ် ပါသည်။

ထို့အပြင် ဘုတ်အဖွဲ့ထံသို့ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ဘုတ်အဖွဲ့ကော်မတီဝင်များကို ကူညီပေးခြင်း သို့မဟုတ် ဘုတ်အဖွဲ့ထံသို့ တင်ပြရခြင်းတို့တွင် တိုက်ရိုက်ပါဝင်သည့် ပညာရှင်များ နှင့်လည်း သက်ဆိုင်ပါသည်။ ဘုတ်အဖွဲ့ထံသို့ အကောင်းဆုံးအရည်အသွေးရှိသည့် သတင်းအချက် အလက်များ ပံ့ပိုးပေးရန်နှင့် ဘုတ်အဖွဲ့အတွက် ပိုမိုကောင်းမွန်သော အကူအညီကို ပေးစွမ်းနိုင်ရန် လက်တွေ့အဆင့်များကို ထည့်သွင်းစဉ်းစားရန်တို့အတွက် အသုံးဝင်ပါမည်။

MIoD ၏ ဒါရိုက်တာများအတွက် စာရင်းစစ်ကော်မတီဆိုင်ရာ သင်တန်းအစီအစဉ်သည် စာရင်းစစ်ကော်မတီဝင်များနှင့် အခြားသော ဒါရိုက်တာများ သို့မဟုတ် အလုပ်အမှုဆောင်များကို သတ်မှတ် ဘုတ်အဖွဲ့အဆင့် သင်တန်းပေးသည့် နှစ်ရက်တာသင်တန်း ဖြစ်ပါသည်။ IFC နည်းစနစ်များ အပေါ် အခြေခံ၍ စီစဉ်ဖွင့်လှစ်ထားသော ဤအစီအစဉ်သည် စာရင်းစစ်ကော်မတီ၏ လုပ်ငန်းတာဝန်များ ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်အောင် ကူညီပေးရန် ရည်ရွယ်ပါသည်။ ၎င်းသည် ကုမ္ပဏီအတွင်း ရှိ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာမူဘောင်တွင် ပါဝင်သည့် အရေးအကြီးဆုံး အစိတ်အပိုင်းများအနက်မှ တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာမှဒါရိုက်တာများနှင့် မြန်မာနိုင်ငံမှဒါရိုက်တာများ၊ လုပ်ငန်းပညာရှင်များနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးမည့် ACMP တွင် အတုံ့အလှယ်ဖြစ်ပြီး အင်တိုက်အားတိုက်ရှိသော ဆွေးနွေးခန်းများဖြင့် သင်တန်းပို့ချကာ ဆွေးနွေးမှုနှင့် ပါဝင်တက်ရောက်သူအချင်းချင်း နှီးနှောဖလှယ်မှုတို့ကို တိုက်တွန်းအားပေးရန်အတွက် သက်ဆိုင်ရာ ဖြစ်ရပ်လေ့လာချက်များအပေါ် အခြေခံထားပါသည်။

DCP ၏ အထူးသင်တန်း အစီအစဉ်သည် ဘုတ်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်နေသည့် ဒါရိုက်တာများအား ဘဏ်များ၊ အခြားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အသင့်ဖြစ်နေစေရန် ရည်ရွယ် ပါသည်။ DCP ဘဏ်လုပ်ငန်းမှာ အထက်ဖော်ပြပါ DCP သင်ခန်းစာများအားလုံးအပြင် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သော ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း၊ ဥပဒေရေးရာနှင့် လိုက်နာစောင့်ထိန်း ရေးတို့နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် လေ့လာကြရမည့် ပိုမိုကြာမြင့်သော သင်တန်းတစ်ခုဖြစ်သည်။

စာရင်းစစ်လုပ်ငန်းသည် ဘုတ်အဖွဲ့ဝင်များအတွက် အဖွဲ့အစည်းတစ်ခုကို ကာကွယ်ပေးရန်နှင့် စီမံခန့် ခွဲနိုင်ရန် အရေးပါသော ထိန်းချုပ်စီမံခန့်ခွဲရေး နည်းကိရိယာတစ်ခုဖြစ်သည်။ သီးခြား ရပ်တည်၍ ကောင်းစွာလည်ပတ်နေသော ရုံးတွင်းစာရင်းစစ်ဌာနသည် ဆုံးရှုံးမှုဖြစ်နိုင်ခြေများကို လျော့ပါးသက် သာစေပြီး စီမံခန့်ခွဲမှုအမှားများမဖြစ်အောင် ကာကွယ်ပေးရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ပါသည်။ ထို့အပြင် ၎င်းသည် စာရင်းစစ်ကော်မတီကိုလည်း ကုမ္ပဏီ၏ ဌာနတွင်းထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ အချိန်မီ၊ တိကျ၍ ပြည့်စုံသော တုံ့ပြန်အကြံပြုချက်များကို လက်ခံရရှိစေပါသည်။

ဤသင်တန်းတွင် စာရင်းစစ်ကော်မတီဝင်များနှင့်/သို့မဟုတ် အခြားသောဒါရိုက်တာနှင့် အလုပ်အမှု ဆောင်များအတွက် ဦးတည်ဘုတ်အဖွဲ့အဆင့် သင်တန်းပေးသွားပါမည်။ သင်တန်းအစီအစဉ် သည် စာရင်းစစ်ကော်မတီ၏ အခန်းကဏ္ဍများ၊ တာဝန်များ၊ ဝတ္တရားများနှင့် ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတွင် ၎င်း၏ အံဝင်ခွင်ကျဖြစ်မှုတို့နှင့် စပ်လျဉ်းသည့် အခြေခံအချက် များ အပါအဝင် စာရင်းစစ်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်မှု ရရှိစေရန် ရည်ရွယ်ပါသည်။

ထို့အပြင် ဤသင်တန်းတွင် ကုမ္ပဏီများအတွင်း ထိရောက်သည့် အဖွဲ့အစည်းတွင်း စာရင်းစစ်အလေ့ အထများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဆုံးရှုံးမှုဖြစ်နိုင်ခြေ အခြေပြု အစီအစဉ် တစ်ခုထားရှိရန် ရုံးတွင်းစာရင်းစစ်များအား ကူညီလိုသည့် ရည်ရွယ်ချက်ဖြင့် ရုံးတွင်း စာရင်းစစ်နည်း စနစ်များနှင့် အကောင်းဆုံးအလေ့အထများ၏ အခြေခံအချက်များကို ထဲထဲဝင်ဝင် လေ့လာကြ ရပါမည်။

အဖွဲ့အစည်းအတွက် နည်းဗျူဟာချမှတ်ခြင်းသည် ဒါရိုက်တာများဘုတ်အဖွဲ့၏ အဓိက အခန်းကဏ္ဍ တစ်ခု ဖြစ်ပါသည်။ ဤသင်တန်းတွင် ဘုတ်အဖွဲ့ဒါရိုက်တာများအနေဖြင့် အဖွဲ့အစည်းအတွက် နည်း ဗျူဟာကို အကဲဖြတ်သုံးသပ်ရန်၊ ချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန်တို့အတွက် အသုံးပြုနိုင် သော အခြေခံအသိပညာနှင့် နည်းကိရိယာများကို လေ့လာကြရပါမည်။ ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်း နယ်ပယ်များ၊ အပြိုင်အဆိုင်လုပ်ငန်းများ၊ သင့်အဖွဲ့အစည်း၏ အားသာချက်များနှင့် အားနည်း ချက်များကို ဆန်းစစ်ခြင်း၊ မဟာဗျူဟာကျနည်းလမ်းများကို အကဲဖြတ်ခြင်းနှင့် အရှိန်အဟုန်မြင့်သော မဟာဗျူဟာကျလုပ်ငန်းစဉ် တစ်ခုကို ဖန်တီးခြင်း တို့အတွက် မူဘောင်များနှင့် နည်းကိရိယာများကို လေ့လာကြရပါမည်။ သင်တန်းတွင် ထိရောက်မှုရှိသော နည်းဗျူဟာဖော်ဆောင်ရန်နှင့် ထိရောက်မှု ရှိသော စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်ရေး အစီအစဉ်တစ်ခု ထားရှိရန်အတွက် ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆန်းစစ်တင်ပြသွားပါမည်။

ဤသင်တန်းတွင် ဘုတ်အဖွဲ့အဆင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ ကြီးကြပ်ရေးတာဝန်၏ အခြေခံအချက်များ၊ ထိရောက်မှုရှိသော ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်းက စီမံခန့်ခွဲမှု၊ လုပ်ဆောင်ချက်၊ ဘေးဒဏ်ခံနိုင်မှုနှင့် အများနှင့်ယှဉ်ပြိုင်ရာတွင် တစ်ပန်းသာမှုတို့ကို မြင့်တင်ပေးနိုင်ပုံတို့ကို လေ့လာကြရပါမည်။ ကျွန်ုပ်တို့ က ပြင်းထန်မှု၊ ဖြစ်နိုင်ခြေများ၊ ဆုံးရှုံးမှုဖြစ်နိုင်ခြေအချက်များ၏ အပြန်အလှန်ချိတ်ဆက်မှုတို့ကို ဆန်းစစ်လေ့လာ၍ ဆုံးရှုံးမှုဖြစ်နိုင်ခြေအမျိုးအစားများကို ဖော်ထုတ်လေ့လာခြင်းနှင့် စီးပွားရေး လုပ်ငန်းအနေဖြင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ လက်ခံနိုင်သည့်ပမာဏကို နားလည်သဘောပေါက်ခြင်းနှင့် သတ်မှတ်ခြင်း၊ လျော့ပါးသက်သာစေသည့် အချက်များကို ဖော်ထုတ်ခြင်းနှင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ ကော်မတီများ၏ အခန်းကဏ္ဍကို အသုံးချခြင်းဖြင့် မသေချာမှုများအတွက် ကြိုတင်ပြင်ဆင်၍ ဖြေရှင်း ဆောင်ရွက်နိုင်ပုံတို့ကို လေ့လာသွားပါမည်။

ဆက်ခံမှုအစီအစဉ်နှင့် ကြွယ်ဝမှုလွှဲပြောင်းခြင်း ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုအမှားများနှင့် ပဋိပက္ခများ၊ ၎င်းတို့အားလုံးသည် မိသားစုပိုင်ကုမ္ပဏီများ မျိုးဆက်အဆင့်ဆင့် ကြီးထွားလာသောအခါ တွေ့ကြုံရ သည့် ပြဿနာများဖြစ်သည်။ ၎င်းဆုံးရှုံးမှု ဖြစ်နိုင်ခြေများကို မည်သို့ လျော့ပါးသက်သာစေနိုင်ပါ သနည်း။

မိသားစုတွင်းစီမံအုပ်ချုပ်မှု (စီးပွားရေးအလေ့အထများကို လမ်းညွှန်ပေး၍ မိသားစုအချင်းချင်း စီမံ အုပ်ချုပ်ရာတွင် အထောက်အကူပြုသည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ) သည် မိသားစုပိုင် စီးပွားရေးလုပ်ငန်း၊ မိသားစုပိုင်ရင်းမြစ်များနှင့် မိသားစုတွင်းဟန်ချက်ညီမှုတို့ကို ကြာရှည်စွာထိန်း သိမ်းထားနိုင်စေသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။