ဘုတ်အဖွဲ့နှင့် စီးပွားရေးဦးဆောင်မှုပိုင်းတွင် အမျိုးသမီးများ ပါဝင်ခြင်း – ပြောင်းလဲမှုကို အားပေးခြင်း

 

|| ကော်ပိုရိတ်ဦးဆောင်မှုကို ဆောင်ရွက်နေသော အမျိုးသမီးများအတွက် အတုံ့အလှယ်ဖြစ်သော လက်တွေ့သင်တန်||


 

ကမ္ဘာအနှံ့မှ မြောက်များလှစွာသော လေ့လာချက်များသည် ကျား/မရေးရာ ကွဲပြားစုံလင်မှု၏ အရေးပါပုံ ကို ဖော်ပြလျက်ရှိပါသည်။ ဘုတ်အဖွဲ့နှင့် အကြီးတန်းစီမံအုပ်ချုပ်သူများအနက် အမျိုးသမီးဦးရေ ပိုမိုများပြားသည့် ကုမ္ပဏီများသည် ထိပ်တန်းရာထူးနေရာများတွင် အမျိုးသမီးများမရှိသည့် ကုမ္ပဏီများ ထက် ဘဏ္ဍာရေးအရ သာလွန်ကောင်းမွန်နေသည်ကို တွေ့ရပါသည်။ တိုးတက်လာသော ဘဏ္ဍာရေးနှင့် ဈေးကွက်စွမ်းဆောင်ချက်တို့ကြောင့် ယင်းအထောက်အထားသည် ပိုမိုထင်ရှားလာပါသည်။ ကွဲပြား စုံလင်သောသူများဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များသည် အကြံဉာဏ်သစ်များကို စဉ်းစားဖော်ထုတ် ခြင်းနှင့် အုပ်စုလိုက်တွေးခေါ်ဆုံးဖြတ်ခြင်းမျိုး မလုပ်မိအောင် ရှောင်ကြဉ်ခြင်းတို့တွင်လည်း ပိုမို ကောင်းမွန်ပါသည်။ (ဆုံးရှုံးမှုအန္တရာယ်နှင့် စာရင်းစစ်မှု ကဲ့သို့သော) အရေးကြီးဘုတ်အဖွဲ့ ကော်မတီများတွင် အမျိုးသမီးများ ပါဝင်နေခြင်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အရေးကိစ္စများနှင့်စပ်လျဉ်း၍ ပိုမိုတာဝန်ခံယူမှုရှိသော ချဉ်းကပ်နည်းတို့အကြားတွင်  အပြန်အလှန်ဆက်နွှယ်မှု ရှိနေပါသည်။ ကျား/မရေးရာ ကွဲပြားစုံလင်မှုရှိသော ဘုတ်အဖွဲ့များသည် စာရင်းစစ်မှုဆိုင်ရာ သတင်းအချက်အလက် များနှင့် ဆက်စပ်သည့် ဖြောင့်မတ်မှန်ကန်မှုကို အတည်ပြုစစ်ဆေးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခဖြစ်မှု ဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ အပါအဝင် စောင့်ကြည့်လေ့လာမှုပြုသည့် နေရာများတွင် ပိုမိုအလေးထားဆောင်ရွက်ပါသည်။ နောက်ဆုံးအနေဖြင့် လုပ်သားအင်အားမှ ကျား/မရေးရာ ကွာဟချက်ကို လျှော့ချခြင်းသည် သုံးသင့်သလောက် အသုံးချခံရခြင်းမရှိသည့် စွမ်းရည်ပြည့်ဝသူ အမျိုးသမီးများကို အကျိုးရှိရှိအသုံးချခြင်းဖြင့် ရရှိနိုင်သော ဝန်ထမ်းဦးရေကို ပိုမိုများပြားစေပြီး နိုင်ငံ၏ဂျီဒီပီကိုလည်း ပိုမိုတိုးတက်စေနိုင်မည့် အလားအလာ ရှိပါသည်။

သို့ရာတွင် ပညာတတ်ဖြစ်၍ အတွေ့အကြုံရင့်သန်သော အမျိုးသမီးစီးပွားရေးခေါင်းဆောင် ဦးရေသည် ဆက်လက်တိုးမြင့်နေသော်လည်း ကုမ္ပဏီဘုတ်အဖွဲ့များတွင် အမျိုးသမီးဦးရေ ပိုမိုပါဝင်လာခြင်းနှင့် စပ်လျဉ်း၍မူ တိုးတက်မှုနှုန်းထားသည် နှေးကွေးလျက်ရှိပါသည်။ ဘုတ်အဖွဲ့ဝင်အမျိုးသမီး  ရာခိုင်နှုန်းသည် (၇.၈%) ရှိပြီး ဘုတ်အဖွဲ့ဥက္ကဋ္ဌအမျိုးသမီး ရာခိုင်နှုန်းသည် (၂.၆%) ရှိသောကြောင့် အာရှတိုက်သည် ဘုတ်အဖွဲ့တွင်အမျိုးသမီးများပါဝင်မှုအရ တိုက်ကြီး ၇ တိုက်အနက် ဆဋ္ဌမမြောက် နေရာတွင် ရှိပါသည်။

 

| လက်တွေ့သင်တန်းတွင် ပါဝင်မည့်အကြောင်းအရာများ

အဆိုပါတစ်ရက်တာလက်တွေ့သင်တန်းတွင် အတွေ့အကြုံရင့် ဦးဆောင်ဆွေးနွေးသူက ပါဝင်တက်ရောက်သူများအား ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းများအတွင်း လက်ရှိဖြစ်ပျက်နေသည့် ကျား/မရေးရာ ကွာဟချက်များအကြောင်းကို ဆွေးနွေး၍ သတိမမူမိဘဲ ပြုလုပ်မိတတ်သော ဘက်လိုက်မှုများကို မီးမောင်းထိုးပြသပြီး ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုကို အားပေးကူညီရန်အတွက် လက်တွေ့ကျသော မဟာဗျူဟာများ၊ နည်းကိရိယာများနှင့် နည်းစနစ်များကို အသုံးပြု၍ ၎င်းတို့ကို စိတ်ဓာတ်ရေးရာ၌ အသင့်ဖြစ်စေရန် လမ်းညွှန်ပေးမည်ဖြစ်သည်။

 

| လက်တွေ့သင်တန်းတွင် အသုံးပြုမည့်ဘာသာစကား

လက်တွေ့သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချမည်ဖြစ်ပါသည်။

 

| စာရင်းသွင်းခြင်း

rsvp@myanmaroid.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။

ဖုန်းနံပါတ် +၉၅ ၉ ၄၀၀၁၅၁၄၁၂၊ ၄၀၀၁၅၁၄၁၉

 

ပွဲကြော်ငြာစာစောင်ကို ဒေါင်းလုပ်ဆွဲရန်