ဒါရိုက်တာအသိအမှတ်ပြုသင်တန်းအစီအစဉ် (DCP) ဘဏ်လုပ်ငန်း

DCP ၏ အထူးသင်တန်း အစီအစဉ်သည် ဘုတ်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်နေသည့် ဒါရိုက်တာများအား ဘဏ်များ၊ အခြားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အသင့်ဖြစ်နေစေရန် ရည်ရွယ် ပါသည်။ DCP ဘဏ်လုပ်ငန်းမှာ အထက်ဖော်ပြပါ DCP သင်ခန်းစာများအားလုံးအပြင် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သော ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း၊ ဥပဒေရေးရာနှင့် လိုက်နာစောင့်ထိန်း ရေးတို့နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် လေ့လာကြရမည့် ပိုမိုကြာမြင့်သော သင်တန်းတစ်ခုဖြစ်သည်။