u soe win

ဦးစိုးဝင်း

ဦးစိုးဝင်းသည် Deloitte Touche Myanmar Vigour Advisory Ltd (မြန်မာနိုင်ငံ) ၏ ဌာနေ စီမံခန့်ခွဲရေးမိတ်ဖက် (Country Managing Partner) ဖြစ်ပါသည်။ National Westminster ဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်တွင် လေ့ကျင့်သင်ကြားမှုခံယူရန်အတွက် အင်္ဂလန်နိုင်ငံသို့ မရောက်ရှိမီ ၁၉၆၁ ခုနှစ် တွင် အစိုးရပိုင် စီးပွားရေးဘဏ်တစ်ခု၌ လက်ထောက်မန်နေဂျာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် တွင် လက်ထောက် နိုင်ငံခြားငွေကြေးလဲလှယ်မှု ထိန်းသိမ်းကြီးကြပ်သူ (မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်) အဖြစ်နှင့် ၁၉၉၃ ခုနှစ်တွင် အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ သူ၏ ရာထူးသက်တမ်းအတွင်း၌ နိုင်ငံ၏ ဘဏ်လုပ်ငန်းဥပဒေများ၊ စည်းမျဉ်းများအပြင် ဘဏ္ဍာရေးမူဝါဒများကို မူကြမ်းရေးဆွဲရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် Pricewaterhouse Associates Ltd သို့ ရောက်ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Myanmar Vigour Co. Ltd. ကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီလိမိတက်သည် ၂၀၁၅ ခုနှစ်တွင် Deloitte ၏ အဖွဲ့ဝင်လုပ်ငန်းတစ်ခုဖြစ်လာခဲ့ကာ တစ်နှစ်အကြာတွင် Deloitte Touche Myanmar Vigour Advisory Ltd အနေဖြင့် Deloitte Touche Tohmatsu Ltd. နှင့် ဖက်စပ်လုပ်ငန်း ဖြစ်လာခဲ့သည်။ ဦးစိုးဝင်းသည် ရန်ကုန်မြို့ရှိ ဘားကောင်စီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။