မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တွေ့ဆုံခြင်း

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၁ ရက်

မြန်မာ့ဒါရိုက်တာအင်စတီကျုအဖွဲ့၏အမှုဆောင်အရာရှိချုပ်အသစ် ဒေါ်သီရိသန့်မွန်၊ ဘုတ်အဖွဲ့ဥက္ကဌ ဦးအောင်ဇော်နိုင်နှင့် ဘုတ်အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်တို့သည် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်သို့သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။ MIoD ကိုယ်စားလှယ်အဖွဲ့အား ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဦးစိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန္ဒာတို့ကလက်ခံတွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတွင် ကော်ပိုရေးရှင်းအုပ်ချုပ်မှုမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့်အများပြည်သူ ကဏ္ဍနှစ်ခုလုံးတို့တွင် CBM နှင့် MIoD တို့၏ဆောင်ရွက်ချက်များကို အပြန်အလှန်ပံ့ပိုးမှုနှင့်ဗဟုသုတများဖလှယ်ရေးနှင့်ပတ်သက်သော ပူးပေါင်းလုပ်ဆောင်ရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။