မြန်မာကုမ္ပဏီဒါရိုက်တာများသည် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာများကိုသိသင့်ရန်လိုအပ်ပါသနည်း။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

အွန်လိုင်းဆွေးနွေးပွဲအကြောင်း

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) နှင့် ၎င်းနှင့်ဆက်စပ်သာ နိုင်ငံရေးအရ  ဩဇာတိက္ကမ ရှိသူများ (Politically Exposed Persons) ဆိုသောသဘောတရားများသည် မြန်မာနိုင်ငံတွင် အရင်းတနှီး မရှိသေးပါ။ မကြာသေးမီက ထိုဝေါဟာရများကို စည်းမျဉ်းစည်းကမ်းအနေဖြင့် မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ခဲ့သည်။ တစ်ချက်မှာ မြန်မာနိုင်ငံ သဘာ၀သယံဇာတအရင်းအမြစ်များ ဖော်ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (MEITI) ၏ ထုတ်ပြန်ချက်များ ဖြစ်သည်။ ထို့အပြင် OECD ဘဏ္ဍာ ရေးလှုပ်ရှားမှုအဖွဲ့ (Financial Action Task Force) ၏ အကဲဖြတ်မှုအပေါ် မြန်မာနိုင်ငံ၏ တုန့်ပြန်မှု အနေဖြင့် ငွေကြေးခဝါချခြင်းအားတိုက်ဖျက်ချေမှုန်းခြင်း (Anti-money laundering) ၏ လိုအပ်ချက်များ တွင်လည်း ထိုဝေါဟာရများပါဝင်သည်။  ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလတွင် DICA သည်  အကျိုးအမြတ်ရရှိပိုင် ဆိုင်မှုသတင်းအချက်အလက်များကိုထုတ်ဖော်ရန်ညွှန်ကြားချက်၁၇/၂၀၁၉ အား ထုတ်ပြန်ခဲ့သည်။

ဤ MIoD Webinar (မြန်မာဘာသာဖြင့်) တွင် Beneficial Ownership ဆိုသည်မှာ အဘယ်နည်းနှင့် မြန်မာနိုင်ငံတွင် မည်သည့် ပုဂ္ဂိုလ်များသည် Politically Exposed Persons ဖြစ်သည်ကို ဆန်းစစ်လိမ့်မည်။ ထုတ်ဖော်ကြေငြာခြင်း လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် ကုမ္ပဏီများအနေဖြင့် မည်သည့် အရာများလုပ်ဆောင်ရန် လိုအပ်သည်ကို DICA မှ နောက်ဆုံး သတင်းများပေးလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာတို့တွင် ဆက်လက် ဆွေးနွေးနေကြသော ကုမ္ပဏီပိုင်ဆိုင်မှု၏ ပွင့်လင်း မြင်သာမှု ကိစ္စရပ်များကိုလည်း ဖော်ပြလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတို့တွင် ဤကဏ္ဍ အကြောင်း ဆက်လက်ဆောင်ရွက်မှုများကို ဆွေးနွေးလိမ့်မည်။