သင်းမြတ်သူ

သင်းမြတ်သူသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ MIoD တွင် အထွေထွေမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပြီး ကော်ပိုရိတ်ဆိုင်ရာ၊ ဝန်ထမ်းရေးရာ နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူထားသူ ဖြစ်သည်။ သင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများတွင် အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် ဈေးကွက်ဖော်ဆောင် ရေး လုပ်ငန်းတာဝန်များကို ၁၅ နှစ်ကျော် ဆောင်ရွက်ဖူးသည့် အတွေ့အကြုံရှိပြီး ရန်ကုန်စီးပွားရေးအင်စတီကျု မှ ဘတ်ချလာဘွဲ့ B. Econ (Economics) ကို ရရှိထားသူလည်း ဖြစ်သည်။ သင်းသည် Aldersgate College မှ MPA အားရရှိထားပါသည်။