Daw Tin May Oo

ဒေါ်တင်မေဦး

ဒေါ်တင်မေဦးသည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ၏ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမသည် SECM နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ စည်းမျဉ်းများကို မူကြမ်းရေးဆွဲရာတွင်လည်း ပါဝင်ခဲ့သည်။

၁၉၉၆ ခုနှစ်၌ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးစင်တာ ကုမ္ပဏီလိမိတက် (MSEC) ကို ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းမခံရမီတွင် သူမသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနတွင် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်းဖြင့် အစားထိုးခံလိုက်ရသည့် MSEC တွင် သူမသည် ဘုတ်အဖွဲ့အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လက်ထောက် ဒါရိုက်တာနှင့် အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။