ဒေါက်တာ ထွန်းသူရသက်

ဒေါက်တာထွန်းသူရသက်သည် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (DEDC)၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အီလက်ထရောနစ်အစိုးရ ဆပ်ကော်မတီတို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)၊ ကွန်ပျူတာလုပ်ငန်း၊ ကွန်ပျူတာပညာရှင်များနှင့် ကွန်ပျူတာ စိတ်ပါဝင်စားသူများအသင်းချုပ် အစရှိသော အဖွဲ့များတွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။

သူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUEco) ရှိ စီးပွားစီမံအုပ်ချုပ်ရေးအဆင့်မြင့်သင်တန်း (MBA/EMBA)၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးအဆင့်မြင့်သင်တန်း (MBF/EMBF)၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) ရှိ ကွန်ပျူတာသိပ္ပံအဆင့်မြင့်သင်တန်း (MCSc) တို့တွင် ဧည့်ကထိကအဖြစ် သင်ကြားပို့ချလျက်ရှိပါသည်။ စင်္ကာပူ နန်ယန်းတက္ကသိုလ် သတင်းအချက်အလက်နှင့် ပြန်ကြားဆက်သွယ်ရေး Wee Kim Wee ကျောင်း၏ ၂၀၁၅ ခုနှစ် ဘွဲ့နှင်းသဘင်တွင် မိန့်ခွန်းပြောကြားခဲ့သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်များပေါင်းစည်းရေး ကုမ္ပဏီဖြစ်သော Myanmar Information Technology Pte Ltd ၏ တည်ထောင်သူနှင့် CEO လည်း ဖြစ်ပါသည်။ MIT ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ လက်လီလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့် ဈေးကွက်ဦးဆောင်သူကုမ္ပဏီ ဖြစ် သည်။ MIT သည် ၂၀၁၅ ခုနှစ် e-ASEAN ကဏ္ဍတွင် အာဆီယံစီးပွားရေးဆု ၊ ASOCIO 2018 Outstanding ICT Company Award တို့ကို ဆွတ်ခူးရရှိခဲ့သည်။ ဒေါက်တာထွန်းသူရသက်သည် MICT Park ရှိ Myanmar ICT Development Corporation ၏ ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာလည်း ဖြစ်ပါသည်။