Mr. Melvyn Pun

မစ္စတာ မယ်လ်ဗင်ပန်၊ ဥက္ကဋ္ဌ

မစ္စတာမယ်လ်ဗင်ပန်သည် Yoma Strategic ၏ အလုပ်အမှုဆောင်အရာရှိချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ IFC၊ ADB၊ Yum! Brands၊ ပါ့ခ်ဆန်၊ နယူးဟော်လန်၊ JCB၊ Dulwich နိုင်ငံတကာကောလိပ်နှင့် ကိုကူဘူတို့ အပါအဝင် အဓိကကျသော အဖွဲ့အစည်းများနှင့် Yoma အုပ်စုအကြား ဆက်ဆံရေးတည်ဆောက်ရာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိသည်။

ယခင်က သူသည် ဟောင်ကောင်ရှိ Goldman Sachs တွင် စီမံခန့်ခွဲရေးဒါရိုက်တာ၊ Asia Ex-Japan Corporate Solutions Group ၏ ခေါင်းဆောင်အဖြစ် ၁၂ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့တောင်အာရှနှင့် ကိုရီးယား စသည့် အာရှစျေးကွက်အများအပြားတွင် ကျယ်ပြန့်နက်ရှိုင်းသော ဘဏ္ဍာရေးနှင့် ကော်ပိုရိတ်ဆိုင်ရာ အတွေ့အကြုံများရှိပြီး ဝန်ဆောင်မှုသုံးစွဲသူများကို ဘဏ္ဍာငွေရှာဖွေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆုံးရှုံးမှုအန္တရာယ်လျှော့ချရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကူအညီပေးလျက်ရှိပါသည်။