| ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် အဘယ်ကြောင့်အရေးပါသနည်း
ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် ကုမ္ပဏီတစ်ခုချင်းစီနှင့် ယေဘုယျဈေးကွက်များအတွက် စွမ်းဆောင်ရည်တိုးတက်စေခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီရရှိစေခြင်း၊ စဉ်ဆက်မပြတ် တိုးတက်စေရန် အားပေးမြှင့်တင်ပေးခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းပေးပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သော မြန်မာကုမ္ပဏီများဥပဒေသည် ကုမ္ပဏီ၏ ဖွဲ့စည်းမှုနှင့် စီမံခန့်ခွဲမှုတို့ကို ခေတ်နှင့်အညီဖြစ်စေသည့်အပြင် နိုင်ငံတွင်းရှိ ကော်ပိုရေးရှင်းများတွင် ပိုမို တောင့်တင်းခိုင်မာသော ကြီးကြပ်ကွပ်ကဲမှုနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ ရှိစေရန် သတ်မှတ်ထားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယေဘုယျဝန်းကျင်အတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့များနှင့် စီမံအုပ်ချုပ်သူများအနေဖြင့် ၎င်းတို့ကုမ္ပဏီများ၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်စေသည့် အရာများလည်း ဖြစ်ပါသည်။
ကုမ္ပဏီ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံများ၊ မူဝါဒမူဘောင်နှင့် စီမံဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ခြင်းများတွင် ရေတို၊ ရေလတ်နှင့် ရေရှည်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို စနစ်တကျရေးဆွဲခြင်း ပါဝင်ပါသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲများ ဖြစ်စေရန် လိုလားသည့် ကုမ္ပဏီများသည် တည်ကြည်ဖြောင့်မတ်မှုဆိုင်ရာနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စံချိန်စံညွှန်းများ ပိုမိုမြင့်မားစေရန် ရည်ရွယ်ချက်ထားရှိကြောင်း ဈေးကွက်အတွင်းမှ သက်ဆိုင်သူများအား ခိုင်ခိုင်မာမာ အသိပေးရာရောက်ပါသည်။ ထို့ပြင် အဆိုပါအပြောင်းအလဲများသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စွမ်းရည်ပြည့်ဝမှုနှင့် စွမ်းဆောင်ရည်တို့ကို တိုးတက်စေပြီး ရှယ်ယာရှင်များအတွက် ပိုမိုမြင့်မားသော ရှယ်ယာတန်ဖိုးများရရှိရန် ဖန်တီးပေးသည့်အပြင် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံသူများကိုပါ ဆွဲဆောင်နိုင်စေပါ သည်။
| သင်တန်းအကြောင်း
ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (CGAP) လက်တွေ့သင်တန်းသည် MIoD ၏ သင်ကြားမှုအကြောင်းအရာစဉ်များ၏ အထင်ကရပို့ချမှုများအနက်မှ တစ်ခုဖြစ်ပါသည်။ အဆိုပါ သင်တန်းသည် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုမူဘောင်တွင် ပါဝင်သည့် အခြေခံအချက်များနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် သင်ကြားပေးပြီး ဒါရိုက်တာများနှင့် အလုပ်အမှုဆောင်များအား ၎င်းတို့၏ ကုမ္ပဏီများ၌ ထိရောက်သော စီမံအုပ်ချုပ်ပုံ နည်းလမ်းများကို အကောင်အထည်ဖော်နိုင်စေရန်အတွက် စီမံချက်ရေးဆွဲချမှတ်ရာတွင် ကူညီပေးပါသည်။
IFC နည်းစနစ်ပေါ်အခြေခံ၍ စီစဉ်ပို့ချသော ဤလက်တွေ့သင်တန်းတွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်းရှိ ဒါရိုက်တာများ၊ လုပ်ငန်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးပါသည်။ အတုံ့အလှယ်ဖြစ်ပြီး တက်ကြွမှုရှိသော ဆွေးနွေးခန်းများမှတစ်ဆင့် သင်တန်းပို့ချပြီး ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
| တက်ရောက်သင့်သည့်အကြောင်းရင်းများ
| တက်ရောက်စေလိုသူများ
ဘုတ်အဖွဲ့ဝင်များ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ အကြီးတန်းစီမံအုပ်ချုပ်သူများနှင့် ဘုတ်အဖွဲ့ဝင်များနှင့် ဆက်နွှယ်မှုရှိပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ရှုပ်ထွေးသိမ်မွေ့မှုများကို နားလည်သဘောပေါက်လိုသည့် အတတ်ပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှ အကြီးတန်းမိတ်ဖက်များ။ (ဒါရိုက်တာအသိအမှတ်ပြု သင်တန်းအစီအစဉ် တစ်လျှောက်လုံး ပါဝင် တက်ရောက်ခဲ့သူများသည် ဤသင်တန်းကို အချုပ်သဘော ပြန်လည်သုံးသပ်သည့်အနေဖြင့် တက်ရောက်နိုင်သော်လည်း အချို့သော သင်ညွှန်းများသည် တူညီနေနိုင်ပါသည်။)
မှတ်ချက်- ဒါရိုက်တာများအတွက် ဒါရိုက်တာများအဆင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာသင်တန်းကို တက်ရောက်ပြီးနောက် DCP အပြည့်အစုံအား တက်ရောက်သူများသည် အပိုလျှော့စျေးများ ရရှိပါမည်။ ဤတက်ရောက်မှုသည် သင့်အား DCP ၏ဒါရိုက်တာများအဆင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာဘာသာရပ်များကို ကျော်သွားနိုင်စေမည် သို့မဟုတ် ၎င်းတို့အား ပြန်လည်ဆန်းသစ်သည့်အနေဖြင့် တက်ရောက်နိုင်မည်ဖြစ်သည်။
| အစီအစဉ်
| သင်တန်းတွင် အသုံးပြုမည့်ဘာသာစကား နှင့် ကြာချိန်
မြန်မာနှင့်အင်္ဂလိပ်ဘာသာစကား
| သင်တန်းတည်နေရာ Hotel Venue in Yangon
| သင်တန်းကြေး
အဖွဲ့ဝင်မဟုတ်သူများအတွက် ကျပ် ၅၀၀,၀၀၀ (အခွန်နှင့် ဘဏ်စရိတ်များ)
၂၀% လျှော့စျေး (ပရော်ဖက်ရှင်နယ် အသင်းဝင်များ)
၅၀% လျှော့စျေး (အသိအမှတ်ပြုလက်မှတ်ရ အသင်းဝင်များ)
၁၀% လျှော့စျေး (ကော်ပိုရိတ်အသင်းဝင်များ)
| စာရင်းသွင်းခြင်း
trainingandevent@myanmaroid.com သို့မဟုတ် မြန်မာဒါရိုက်တာများအင်စတီကျုရုံးထံ ဆက်သွယ်ပါ။
ဖုန်းနံပါတ် +၉၅ ၉ ၄၀၀ ၁၅၁ ၄၁၂၊ ၄၀၀ ၁၅၁ ၄၁၉၊ ၄၂၇ ၃၆၃ ၉၀၄
ကျေးဇူးပြု၍ သင်၏နေရာအား စာရင်းပေးသွင်းပါ။ နေရာအကန့်အသတ်ရှိပါသည်- ဦးစွာလာရောက်အပ်နှံပါ။
DCP ၏ အထူးသင်တန်း အစီအစဉ်သည် ဘုတ်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်နေသည့် ဒါရိုက်တာများအား ဘဏ်များ၊ အခြားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အသင့်ဖြစ်နေစေရန် ရည်ရွယ် ပါသည်။ DCP ဘဏ်လုပ်ငန်းမှာ အထက်ဖော်ပြပါ DCP သင်ခန်းစာများအားလုံးအပြင် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သော ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း၊ ဥပဒေရေးရာနှင့် လိုက်နာစောင့်ထိန်း ရေးတို့နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် လေ့လာကြရမည့် ပိုမိုကြာမြင့်သော သင်တန်းတစ်ခုဖြစ်သည်။
အဖွဲ့အစည်းအတွက် နည်းဗျူဟာချမှတ်ခြင်းသည် ဒါရိုက်တာများဘုတ်အဖွဲ့၏ အဓိက အခန်းကဏ္ဍ တစ်ခု ဖြစ်ပါသည်။ ဤသင်တန်းတွင် ဘုတ်အဖွဲ့ဒါရိုက်တာများအနေဖြင့် အဖွဲ့အစည်းအတွက် နည်း ဗျူဟာကို အကဲဖြတ်သုံးသပ်ရန်၊ ချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန်တို့အတွက် အသုံးပြုနိုင် သော အခြေခံအသိပညာနှင့် နည်းကိရိယာများကို လေ့လာကြရပါမည်။ ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်း နယ်ပယ်များ၊ အပြိုင်အဆိုင်လုပ်ငန်းများ၊ သင့်အဖွဲ့အစည်း၏ အားသာချက်များနှင့် အားနည်း ချက်များကို ဆန်းစစ်ခြင်း၊ မဟာဗျူဟာကျနည်းလမ်းများကို အကဲဖြတ်ခြင်းနှင့် အရှိန်အဟုန်မြင့်သော မဟာဗျူဟာကျလုပ်ငန်းစဉ် တစ်ခုကို ဖန်တီးခြင်း တို့အတွက် မူဘောင်များနှင့် နည်းကိရိယာများကို လေ့လာကြရပါမည်။ သင်တန်းတွင် ထိရောက်မှုရှိသော နည်းဗျူဟာဖော်ဆောင်ရန်နှင့် ထိရောက်မှု ရှိသော စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်ရေး အစီအစဉ်တစ်ခု ထားရှိရန်အတွက် ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆန်းစစ်တင်ပြသွားပါမည်။
ဤသင်တန်းတွင် ဘုတ်အဖွဲ့အဆင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ ကြီးကြပ်ရေးတာဝန်၏ အခြေခံအချက်များ၊ ထိရောက်မှုရှိသော ဆုံးရှုံးမှုဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်းက စီမံခန့်ခွဲမှု၊ လုပ်ဆောင်ချက်၊ ဘေးဒဏ်ခံနိုင်မှုနှင့် အများနှင့်ယှဉ်ပြိုင်ရာတွင် တစ်ပန်းသာမှုတို့ကို မြင့်တင်ပေးနိုင်ပုံတို့ကို လေ့လာကြရပါမည်။ ကျွန်ုပ်တို့ က ပြင်းထန်မှု၊ ဖြစ်နိုင်ခြေများ၊ ဆုံးရှုံးမှုဖြစ်နိုင်ခြေအချက်များ၏ အပြန်အလှန်ချိတ်ဆက်မှုတို့ကို ဆန်းစစ်လေ့လာ၍ ဆုံးရှုံးမှုဖြစ်နိုင်ခြေအမျိုးအစားများကို ဖော်ထုတ်လေ့လာခြင်းနှင့် စီးပွားရေး လုပ်ငန်းအနေဖြင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ လက်ခံနိုင်သည့်ပမာဏကို နားလည်သဘောပေါက်ခြင်းနှင့် သတ်မှတ်ခြင်း၊ လျော့ပါးသက်သာစေသည့် အချက်များကို ဖော်ထုတ်ခြင်းနှင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေ ကော်မတီများ၏ အခန်းကဏ္ဍကို အသုံးချခြင်းဖြင့် မသေချာမှုများအတွက် ကြိုတင်ပြင်ဆင်၍ ဖြေရှင်း ဆောင်ရွက်နိုင်ပုံတို့ကို လေ့လာသွားပါမည်။
ဆက်ခံမှုအစီအစဉ်နှင့် ကြွယ်ဝမှုလွှဲပြောင်းခြင်း ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုအမှားများနှင့် ပဋိပက္ခများ၊ ၎င်းတို့အားလုံးသည် မိသားစုပိုင်ကုမ္ပဏီများ မျိုးဆက်အဆင့်ဆင့် ကြီးထွားလာသောအခါ တွေ့ကြုံရ သည့် ပြဿနာများဖြစ်သည်။ ၎င်းဆုံးရှုံးမှု ဖြစ်နိုင်ခြေများကို မည်သို့ လျော့ပါးသက်သာစေနိုင်ပါ သနည်း။
မိသားစုတွင်းစီမံအုပ်ချုပ်မှု (စီးပွားရေးအလေ့အထများကို လမ်းညွှန်ပေး၍ မိသားစုအချင်းချင်း စီမံ အုပ်ချုပ်ရာတွင် အထောက်အကူပြုသည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ) သည် မိသားစုပိုင် စီးပွားရေးလုပ်ငန်း၊ မိသားစုပိုင်ရင်းမြစ်များနှင့် မိသားစုတွင်းဟန်ချက်ညီမှုတို့ကို ကြာရှည်စွာထိန်း သိမ်းထားနိုင်စေသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။