How to assess the CG Scorecard and Related-Party Transactions’ Resolutions

December 16, 2023

ABOUT THE WEBINAR

ဤဆွေးနွေးပွဲတွင် အဓိကအကြောင်းအရာ နှစ်ခု ပါဝင်ပါသည်။ ၎င်းတို့မှာ  ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စစ်တမ်းရမှတ်များကို အကဲဖြတ်မည့်နည်းလမ်း နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်းများကို ကွဲပြားစွာ ဖြေရှင်းပေးမည့်နည်းလမ်း တို့ဖြစ်သည်။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစစ်တမ်းရမှတ် (CG Scorecard) သည် ကုမ္ပဏီ၏ လက်ရှိ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအခြေအနေအား တိုင်းတာနိုင်ပါသည်။ ကုမ္ပဏီများသည် CG Scorecard ကိုအသုံးပြု၍ မိမိတို့ အားနည်းနေသည့် ဆောင်ရွက်ချက်များကို ဖော်ထုတ်နိုင်ပြီး လိုအပ်ချက်များကို ပြုပြင်ရန် မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီ၏ ရေရှည်တိုးတက်မှုအတွက် အခွင့်အလမ်းများကို ရှာဖွေနိုင်ရန် ပွင့်လင်းမြင်သာသော အမှတ်ပေးစနစ်အဖြစ်လည်း CG Scorecard ကို အသုံးပြုသင့်ပါသည်။ CG Scorecard သည် ကုမ္ပဏီအား စနစ်ကျသော တွန်းအားဖြစ်စေရန် စောင့်ကြည့်ကွပ်ကဲရေးအဖွဲ့များ (ဒါရိုက်တာဘုတ်အဖွဲ့၊ စာရင်းစစ်ကော်မတီ စသည်..)ကို ခိုင်မာအားကောင်းစေပါသည်။

မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း (MCGS) ၂၀၁၈ သည် အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း (ACGS 2017)အပေါ် အခြေခံထားသည်။ ACGS အား ၂၀၁၁ ခုနှစ်တွင် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်(ACMF) နှင့် အာရှဖွံဖြိုးရေးဘဏ်(ADB)တို့ စတင် ပူးပေါင်း ရေးဆွဲခဲ့ ပြီး ACGS 2017 ကို G20/OECD ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစည်းမျဉ်းများနှင့်အညီ ပြန်လည်ပြင်ဆင် ထားပါသည်။ MCGS ၏ ရည်မှန်းချက်မှာ လက်ရှိမြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကွာဟ ချက်များအားအကဲဖြတ်ရန်၊ အနာဂတ်မူဝါဒရေးရာဆွေးနွေးမှုများနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတိုးတက် ရေးကြိုးပမ်းမှုများအတွက် မူဘောင်တစ်ခု ပံ့ပိုးပေးရန်၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများကို စံ သတ်မှတ်ပေးရန် တို့ဖြစ်ပါသည်။

ဒုတိယပိုင်းတွင် ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း (RPT) ၏ သဘောသဘာဝကိုလေ့လာနိုင်မည်ဖြစ်သည်။ RPTများသည် အစုရှယ်ယာရှင်များမှ ပံ့ပိုးပေးသော ရန်ပုံ ငွေများကို သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများသို့ရောင်းဝယ်လွှဲပြောင်းခြင်းဖြင့် အမြတ်အစွန်းများရရှိ စေပါသည်။ သံသယဖြစ်ဖွယ် ရောင်း၀ယ်လွှဲပြောင်းမှုများကို ရှယ်ယာရှင်များသို့ အချိန်မီ အသိပေးရန် ပျက်ကွက်ပါက ရှယ်ယာအနည်းစုပိုင်ရှင်များကို အကာအကွယ်မဲ့စေပါသည်။ ဤကဲ့သို့သော RPTs ကို အလွဲသုံးစားဖြစ်စေသော RPT များဟု ခေါ်ဆိုပါသည်။ မည်သည့်ကုမ္ပဏီမဆို RPT များရှိပါသည်။

ကုမ္ပဏီများသည် ရှယ်ယာရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် ၎င်းရောင်းဝယ်လွှဲပြောင်းခြင်း များအား မည်ကဲ့သို့ဖြေရှင်းရမည်ကို နည်းပညာပိုင်းအရ သိရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ကုမ္ပဏီ များမှ ဆောင်ရွက်သော RPT များကို စနစ်တကျ စီမံခန့်ခွဲထိန်းချုပ်ရန် အရေးကြီးပြီး ၎င်းတို့အား ထိန်းကျောင်းသည့် ဥပဒေများ၏ ခိုင်မာမှုသည် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်တွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။

 

ဆွေးနွေးမည့်အကြောင်းအရာ

အပိုင်း(၁)  ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု စစ်တမ်းရမှတ်များကို အကဲဖြတ်မည့်နည်းလမ်း

  • ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် ဖြစ်ပေါ်လာပုံ
  • ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအခြေခံမူများ
  • ကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၏ အခန်းကဏ္ဍနှင့် အရေးပါမှု
  • မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံအုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈၊ စစ်တမ်းမေးခွန်းများဖြင့် မြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကို အကဲဖြတ်ခြင်း
  • စစ်တမ်းမေးခွန်းများအား ဖြေဆိုနိုင်မည့်နည်းလမ်းကို မျှဝေခြင်း

 

အပိုင်း(၂)   ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်းများကို ကွဲပြားစွာဖြေရှင်းပေးမည့်နည်းလမ်း

  • ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများ
  • ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း (Related Party Transaction – RPT)
  • ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ပမာဏများပြားသည့် ရောင်းဝယ်လွှဲပြောင်းခြင်း
  • အကျိုးစီးပွားချင်း ဆန့်ကျင်ဖီလာဖြစ်မှု (Conflict of Interest) နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း (RPT) အား ခွဲခြားခြင်း
  • ဆက်နွယ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်း (RPT) များကို စနစ်တကျ ထိန်းကျောင်းခြင်း

 

SPEAKERS

Daw Ei Sein Sein Kywe is a Director for the Development and Policy Department of the Office of the Securities and Exchange Commission of Myanmar (SECM). She has been assigned as a Secretary of the Domestic Bond Market Development Working Committee (DBMD WC) organized by the Ministry of Planning and Finance since 2019. Before serving in SECM, she worked as a manager for Myanma Economic Bank (MEB). She has about 15 year experiences in banking sector. In 2014, she was transferred to SECM as an Assistant Director to support not only the establishment of Yangon Stock Exchange but also opening a new page of Capital Market in Myanmar.

She was working together with the International Finance Corporation (IFC) from 2017 to 2019 for the enhancement of good corporate governance practice in Myanmar companies and deeply participating to launch the Myanmar Corporate Governance Scorecard 2018: A Report on the Assessment of Myanmar Companies. As another part, she was cooperating with the IFC’s Corporate Bond Market Development (CBMD) Project Team to initiate the Corporate Bond Market Development in Myanmar during 2019 to early 2021. She also worked as a local consultant for the research paper “Capacity Building for Capital Market Development in Myanmar” with the Korean Researchers of Korea Development Institute (KDI) for the Knowledge Sharing Program (KSP) 2017/18.

She holds a B.Econ in Economics and a Master degree of Development Studies (MDevS) from the Yangon University of Economics.

 

Daw Thiri Thant Mon is the Head of ESG for the Fixed Income Division EMEA at Morgan Stanley, a leading global investment bank. She also serves as Executive Director of the Myanmar Institute of Directors, board member of British Chamber of Commerce Myanmar and trustee for Turquoise Mountain Foundation, a UK charity that focuses on heritage preservation countries such as Afghanistan and Myanmar. She has held a number of leadership and board roles over her 20-year career as a finance and capital markets professional.

She holds a BA in Economics from William & Mary, an MBA from the London Business School, and a Director Certification Diploma from the Thai Institute of Directors.